သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-20
မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Rick Barton ဦးဆောင်တဲ့အဖွဲ့ဟာ ကယားပြည် နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ခေါင်းဆောင်တဲ့ ကယားပြည်နယ် အစိုးရအဖွဲ့နဲ့ လွိုင်ကော်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
2013-03-19
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ မှာ ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေရှာဖွေရေး ပထမအဖွဲ့ရဲ့ လုပ်ငန်းတွေ အောင်အောင်မြင်မြင်ပြီးစီးခဲ့ပြီလို့ အမေရိကန် အစိုးရက မနေ့က ပြောပါတယ်။
2013-03-19
မြန်မာ၊ အင်ဂိုလာနဲ့ ဆူဒန်တောင်ပိုင်းနိုင်ငံတွေကို လာမယ့်လပိုင်းတွေအတွင်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်လာဖို့မျှော်လင့်ကြောင်း OPCW ခေါ် ဓါတုလက်နက်ဖျက်သိမ်းရေးအဖွဲ့က ပြောပါတယ်။
2013-03-19
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာပြည်က တရားမဝင် တင်သွင်းတဲ့ စားသောက်ကုန်တချို့ ရောင်းချခွင့်ကို မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန အမိန့်နဲ့ မတ်လ ၁၈ ရက်နေ့က စပြီး ပိတ်ပင်လိုက်ပါတယ်။
2013-03-19
ပြည်ပထွက်ခွာခွင့် နိုင်ငံကူးလက်မှတ်တွေ ကို ဒီကနေ့ကစတင်ပြီး ၁၀ ရက်နဲ့ အပြီး ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက အတည်ပြုပြောပါတယ်။
2013-03-19
ရှမ်းနဲ့ ကယားပြည်နယ်က နိုင်ငံရေးပါတီတွေ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကို မနက်ဖြန်ကစပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
2013-03-19
လက်ပံတောင်းတောင်ဒေသ မှာ တောင်သူတွေဆုံးရှုံးခဲ့တဲ့ လယ်မြေတွေ အတွက် လျော်ကြေးငွေတွေ ထုတ်ပေးနေ ရာမှာ သုံးရက်အတွင်း ရွာ ၉ ရွာက တောင်သူတွေ လာရောက်ထုတ်ယူခဲ့ကြပေမယ့် ကျန်တဲ့ရွာ ၁၇ ရွာ က တောင်သူတွေကတော့ အခြေအနေကို စောင့်ကြည့်နေ ကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2013-03-18
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေရဲ့တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်ကစတင်ပြီး ပြန်လည်သွားလာ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
2013-03-18
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နှစ်ရပ်က ဒီကနေ့ အဆိုတင်သွင်းကြရာမှာ အမျိုးသား လွှတ်တော်ရဲ့အဆိုကို ထောက်ခံမဲအများဆုံးနဲ့ အတည်ပြု ခဲ့ပါတယ်။
2013-03-18
ထိုင်းနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေ တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Damrong KRAIKRUAN (မစ္စတာ ဒမ်မရွန်း ကရိုင်ကရူယန်) နဲ့ တွေ့ဆုံဆွေးနွေးပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် များအရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေက ဒီနေ့မှာ RFA ကို ပြောပါတယ်။
2013-03-18
ရန်ကုန်ကနေ လိုင်ဇာကို ခရီးရှည် လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ ဒီနေ့မှာ ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) ဌာနချုပ် လိုင်ဇာကို ရောက်ခဲ့ ပါတယ်။
2013-03-18
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု တဲ့အနေနဲ့ သြစတြေးလျနိုင်ငံက နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးသွားဖို့ ကတိပြုလိုက်သလို ကုန်သွယ်ရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမယ်လို့ သြစတေးလျဝန်ကြီးချုပ် Julia Gillard က ဒီနေ့မှာ ပြောလိုက်ပါတယ်။
2013-03-18
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ မုံရွာ လက်ပန်းတောင်းတောင် အစီရင်ခံစာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်ဆောင်ရွက်မှုအပေါ် ရှုမြင်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက ဆက်လက်တင်ပြပါလိမ့်မယ်။
2013-03-17
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတဲ့ ဒုက္ခသည်တွေ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် အစိုးရနဲ့ KIO အဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ KIOဌာနချုပ် လိုင်ဇာမြို့ကို ရောက်နေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။
2013-03-17
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိတဲ့ ယုဇနပလာဇာကို တနင်္လာနေ့တိုင်း နားရက်အဖြစ် သတ်မှတ်ရေးအတွက် ဆိုင်ခန်းပိုင်ရှင်တွေ ဒီကနေ့မှာ ဈေးရောင်းရင်း တနင်္လာနေ့တိုင်းပိတ်သည်ဆိုတဲ့ စာတန်းပါ အဝါရောင်တီရှပ်တွေ ဝတ်ဆင်ပြီး ဆန္ဒပြ ခဲ့ကြပါတယ်။