နိုင်ငံကူးလက်မှတ် ၁၀ ရက်အတွင်း အပြီးထုတ်ပေးမည်


2013.03.19
passport-office-305.jpg ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးပုံ
photo: RFA/ Kyaw Htoon Naing

ပြည်ပထွက်ခွာခွင့် နိုင်ငံကူးလက်မှတ်တွေကို ဒီကနေ့ကစတင်ပြီး ၁၀ ရက်နဲ့အပြီး ဆောင် ရွက်ပေးနေတယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက အတည်ပြု ပြောပါတယ်။

ပြည်သူတွေ ငွေအကုန်အကျ သက်သာအောင်နဲ့ အရင်ကလို တင်းကြပ်တာတွေကို အဆင့်ဆင့်ဖြေလျှော့ပေးမှုဖြစ်တယ် လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ဌာနခွဲမှူး ဦးကျော်ဇေယျက ပြောပါတယ်။

အရင်တုန်းကတော့ နိုင်ငံကူးလက်မှတ်လျှောက် ထားရင် ရက်ပေါင်း ၃၀ လောက် ကြာတတ်ပါတယ်။ အဲဒီလို အချိန်ကြန့်ကြာမှု ရှိနေရတာဟာ ပညာရေးကင်းရှင်းချက်တွေ၊ အမြတ်ခွန်၊ ဝင်ငွေခွန်စတဲ့ အထောက်အထားတွေကို ပူးတွဲလျှောက်ရတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။

အခုလို ၁၀ရက်နဲ့ အချိန်တိုအတွင်း ထုတ်ပေးမယ့် အစီအစဉ်မှာတော့ အရင်ကလို ကန့်သတ်ထားတာတွေမရှိတော့ပဲ အထောက်အထားတွေလည်း တင်ပြဖို့မလိုတော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်အနေနဲ့လည်း ကျပ် ၂၃၀၀၀ လောက်ပဲ ရှိတော့မယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဌာနခွဲမှူး ဦးကျော်ဇေယျကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။