ရန်ကုန်ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာရောက်


2013.03.18

ရန်ကုန်ကနေ လိုင်ဇာကို ခရီးရှည်လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ ဒီနေ့မှာ ကေအိုင်အို(ကချင်လွတ်မြောက်ရေးအဖွဲ့) ဌာနချုပ် လိုင်ဇာကို ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ဟာ လူဦးရေ ၁၅၀ လောက်ရှိပြီး ဒီနေ့ ညနေ ၄ နာရီခွဲ အချိန်မှာ လိုင်ဇာမြို့ကို ရောက်ရှိပြီး မြို့ခံ ပြည်သူလူထုအပြင် ကေအိုင်အို၊ အေဘီအက်စ်ဒီအက်ဖ်၊ ပလောင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့တွေက တာဝန်ရှိသူတွေကလည်း ပူးပေါင်း ကြိုဆိုခဲ့ကြပါတယ်။

ဒီလမ်းလျှောက်တဲ့အဖွဲ့မှာ သံဃာတွေ၊ အမျိုးသမီးတွေလည်းပါဝင်ပြီး သူတို့လမ်းခရီး တစ်လကျော်အကြာမှာ ကျန်းမာရေးအခက်အခဲ၊ လမ်းလျှောက်အဖွဲ့အတွင်း သဘောထားမတူညီတာတွေစတဲ့ အခက်အခဲတွေကို ကြုံတွေ့ရတဲ့အကြောင်း အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ကိုရန်နိုင်ထွန်းက ပြောပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း မြင်းခြံကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့အဖွဲ့ဟာ လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။

ကိုရန်နိုင်ထွန်း ဦးဆောင်တဲ့အဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။