သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-19
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်တဲ့အမှုအတွက် ပထမဆုံးကြားနာပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့်အကြောင်း ICJ ကုလသမဂ္ဂတရားရုံးက ဒီနေ့ အချိန်စာရင်းထုတ်ပြန်လိုက်ပါတယ်။
2019-11-19
မြန်မာနိုင်ငံကို နိုင်ငံတကာက အရေးယူပိတ်ဆိုမှုလုပ်ဖို့ အရှိန်မြင့်တက်နေချိန်မှာပဲ ဂျပန်လေတပ်က ထောက်ပို့လေယာဉ်အကြီးစား C 2 အမျိုးအစားနဲ့ ရန်ကုန်ကို ရောက်ရှိလာပြီး ဂျပန်-မြန်မာ လေတပ်အရာရှိအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
2019-11-18
ဧရာဝတီတိုင်းအတွင်း ရက္ခိုင့်ပြက္ခဒိန်ရောင်းချမှုနဲ့ ဖမ်းဆီးခံနေရတဲ့ ရခိုင်အမျိုးသား တစ်ဦးအပါအဝင် လေးဦးကို ငပုတောခရိုင်တရားရုံးက မနေ့က ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2019-11-18
စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ သံချပ်တွေကြောင့် ပုဒ်မ - ၅၀၅ (က)နဲ့ တရားစွဲ ခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်တနှစ်စီ ချခံထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်လူငယ် ၅ ယောက်နဲ့ နောက်ထပ် မိန်းကလေး တယောက်၊ စုစုပေါင်း ခြောက်ယောက်ကို ဒီနေ့မှာ အဲဒီပုဒ်မနဲ့ပဲ အလုပ်ကြမ်းနဲ့ ထောင်တနှစ်စီ ထပ်ချလိုက်ပါတယ်။
2019-11-18
တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဗိုလ်တထောင်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်လိုက်ပါတယ်။
2019-11-18
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA က ဖမ်းဆီးခေါ်ဆောင် သွားတဲ့ အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် ဦးဝှေ့တင်းနဲ့တကွ ဝန်ထမ်းများ အရပ်သားများကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဆွေးနွေးပါတယ်။
2019-11-18
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က တအာင်းကျောင်းသားနဲ့လူငယ်အဖွဲ့ TSYU ရုံးနဲ့ တအာင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ရပ်ကွက်တွေကို ရဲတပ်ဖွဲ့၊ တပ်မတော် ပူးပေါင်းပြီး မနေ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့က မိုင်းမျိုးအောင်က ပြောပါတယ်။
2019-11-18
ဘန်ကောက်မြို့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ တပ်မတော်ထုတ် စစ်လက်နက်ပစ္စည်းတွေကို ပထမဆုံးအကြိမ် ခင်းကျင်းပြသလျှက်ရှိပါတယ်။
2019-11-18
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ တပ်ရင်းမှူးတစ်ဦး ကျဆုံးသွားပြီး နောက်ပိုင်း တပ်မတော်က ရွာထဲမှာ တပ်စွဲထားပြီး ရွာသားလေးဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-11-18
မောင်တောမြို့ကို သွားရောက်ခဲ့တဲ့ ကုလ အထူးကိုယ်စားလှယ်ဟာ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ပြန်ရောက်လာသူတွေနဲ့ တွေဆုံခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
2019-11-18
မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ ဒီနေ့မနက်က တပ်မတော် စစ်ကြောင်းတစ်ခုက ပစ်ခတ်လို့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2019-11-17
ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နဲ့ နယ်သာလန်နိုင်ငံ အခြေစိုက် ICJ အပြည်ပြည်ဆိုင်ရာတရားရုံး ဥပဒေပါ တချို့အချက်အလက်တွေကို ဒေါ်စမ်းစမ်းတင်က ကောက်နှုတ်တင်ပြထားပါတယ်။
2019-11-17
ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့မှာရှိတဲ့ တပ်မတော် တပ်ရင်း သုံးခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။
2019-11-17
ရှမ်းပြည်နယ် မြောက်ပိုင်းက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အရပ်ဖက် အဖွဲ့အစည်း ၅၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
2019-11-16
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် လားရှိုးလေဆိပ်အပါအဝင် နေအိမ်တချို့ပျက်စီးပြီး အမျိုးသမီးတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။