သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-23
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘက်လိုက်မှုတွေ ရှိခဲ့တဲ့အတွက် ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၇ ပါတီ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2018-11-23
မန္တလေးအခြေစိုက် မေတ္တာကမ်ပိန်းလူငယ်အဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးဆိုင်ရာ လူထုစစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။ မန္တလေးမြို့ပေါ်မှာ လုံခြုံမှုကင်းမဲ့နေတယ်ဆိုပြီး ဒေသခံအများစုက ပြောဆိုတာ တွေ့ရတယ်လို့ စစ်တမ်းကောက်ယူသူတွေက ပြောပါတယ်။
2018-11-23
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ သမားတွေကို ဒီနေ့တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
2018-11-23
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စုမှာရှိတဲ့ ဂျိုင်သာ-ပုန်းညှက်ကျေးရွာကို အခုနိုဝင်ဘာလ ၃၀ ရက်နေ့မှာ အပြီးသတ်ပြောင်းရွှေ့ဖယ်ရှားဖို့ တပ်မတော်က အကြောင်းကြား လာတဲ့ကိစ္စကို အစိုးရက ပြေလည်အောင်ဖြေရှင်းပေးဖို့ ရွာသားတွေက အဲဒီရွာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
2018-11-23
စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဒီဇင်ဘာလကုန်ပိုင်း (ဒါမှမဟုတ်) လာမယ့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-11-23
တစ်နိုင်ငံလုံးက ကျောင်သားကျောင်းသူ အယောက် ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ကနေ ရရှိလာတဲ့ အချက် ၉ ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ထံကို ပေးပို့သွားမယ်လို့ သိရပါတယ်။
2018-11-23
ကမန်တိုင်းရင်းသား မဟုတ်သူတွေ ကမန်အမည်ခံပြီး နိုင်ငံသားစိစစ်ရေးကတ် ရယူနေတာတွေ ရှိနေတဲ့အတွက် ကမန်တိုင်းရင်းသား အရေအတွက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထား မှုတွေကို ပြန်လည်စစ်ဆေးဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရတာဝန်ရှိ သူတွေက လက်ခံသဘောတူခဲ့ပါတယ်။
2018-11-23
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ့်လန်လမ်းပိုင်း စယ်ခံကျေးရွာအုပ်စု နားလော့ရွာမှာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေ ဒီနေ့မနက်က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် လေးတန်းကျောင်းသား ကလေးငယ် ၁ ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပါတယ်။
2018-11-23
တပ်မတော်က ဖမ်းဆီးသွားတဲ့ ကွတ်ခိုင်မြို့နယ် ပန်ကူရွာ ဒုက္ခသည်စခန်းက ကလေးအမေ အပါအဝင် ၅ ဦးကို နိုဝင်ဘာလ ၂၂ ရက် မနေ့က ည ၈ နာရီ ဝန်းကျင်မှာ ပြန်လွှတ်ပေးလိုက် ပါတယ်။
2018-11-23
မန္တလေးမြို့အတွင်းမှာ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝ လုံခြုံမှု ကင်းမဲ့နေတယ်လို့ ပြည်သူတွေ အနေနဲ့ စိုးရိမ်နေကြကြောင်း မန္တလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေး လိုက်ပါတယ်။
2018-11-23
ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ ဒီအမှုမှာပါဝင်ပတ်သက်ခဲ့တဲ့ ဒု-ရဲမှူး မိုးရန်နိုင်တို့ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ တင်ပြလိုက်ပါတယ်။
2018-11-23
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာရှိတဲ့ ဗင်းတေ့ချ် (Vitage) ငါးအမှုန်ကြိတ်စက်ရုံဟာ ငါအပုတ်တွေနဲ့ လုပ်ကိုင်နေတာကို စစ်ဆေးတွေရှိတာကြောင့် တိုင်းစည်ပင်ဥပဒေအရ ပိတ်သိမ်းဖို့ မနေ့က မြို့နယ်စည်ပင်ယာရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။
2018-11-23
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ကံကြမ္မာအတွက် သိပ်ကိုစိုးရိမ်ကြောင်း အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး Simon Coveney က ပြောဆို လိုက်ပါတယ်။
2018-11-22
ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံတွေရဲ့ နည်းပညာနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အဖွဲ့ဝင်နိုင်ငံတွေအကြား လာမယ့် ၂ဝ၁၉ ခုနှစ်နောက်ဆုံးထားပြီး လွတ်လပ်စွာကုန်သွယ်ရေးစနစ် စတင်ကျင့်သုံးဖို့ သဘောတူလိုက်ကြပါတယ်။
2018-11-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်ပိုမယ့်အစီအစဉ်မှာ သူတို့ုကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ အာမခံချက် ပါဝင်ရမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။