ဘင်းစတက်အဖွဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် ကျင့်သုံးတော့မည်


2018.11.22
bimstec-bangladesh-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်ရှိ ဘင်းစတက်အဖွဲ့ရုံး။
(Photo: Facebook/@BimstecInDhaka)

ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံတွေရဲ့ နည်းပညာနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အဖွဲ့ဝင်နိုင်ငံတွေအကြား လာမယ့် ၂ဝ၁၉ ခုနှစ်နောက်ဆုံးထားပြီး လွတ်လပ်စွာကုန်သွယ်ရေးစနစ် စတင်ကျင့်သုံးဖို့ သဘောတူလိုက်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာ တနင်္လာနေ့က ပြီးဆုံးသွားခဲ့တဲ့ အစည်းအဝေးကနေ ကန့်ကွက်သူမရှိ သဘောတူလိုက်ကြတာပါ။

၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ဘင်းစတက် (BIMSTEC) အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရီလင်္ကာ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေ ပါဝင်ပါတယ်။ အခုသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အသေးစိတ် ကတိကဝတ်ပြုချက်တွေကို  ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ မကုန်ခင် တင်သွင်းရမှာဖြစ်ပါတယ်။

ကတိပြုချက်တင်ပြီးရင် အဲဒီနှစ်ထဲမှာပဲ အဖွဲ့ဝင်နိုင်ငံတွေက ကုန်သွယ်စီးပွားဝန်ကြီးတွေ အစည်းအဝေး ကျင်းပပြီး FTA စနစ်ကို စတင်ကျင့်သုံးမယ်လို့ ဆိုပါတယ်။

လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် ကျင့်သုံးခြင်းအားဖြင့် ဘင်းစတက် အဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်သွယ်မှုပမာဏဟာ လက်ရှိ အမေရိကန်ဒေါ်လာ ၄ဝ ဘီလျံ ရှိရာကနေ ဘီလျံ ၂၄ဝ အထိ မြင့်မားလာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။