သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-25
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ဧရိယာ တိုးချဲ့ရာမှာ သိမ်းယူခံရမယ့် လယ်ယာမြေဧက ငါးထောင်ကျော်အတွက် မြို့နယ် အုပ်ချုပ်ရေးအဖဲ့ွ က လျော်ကြေးပေးဖို့ ဒေသခံတွေ နဲ့ တွေ့ဆုံညှိနှိုင်းနေပါတယ်။
2015-01-25
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်း ပြီး အသစ်ပြန်လည် ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ လက်မှတ်ရေးထိုးပွဲကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ် အမေ့အိမ်ကျောင်းခန်းမမှာ ဒီနေ့ကျင်းပခဲ့ ပါတယ်။
2015-01-25
သိမ်းဆည်းခံ လယ်ယာမြေတွေထဲက တောင်သူတွေ ထံ ပြန်လည်ပေးအပ်ရမယ့် လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်မှု မရှိတာတွေ ၊ တောင်သူတွေရဲ့ တိုင်တန်းမှုတွေကို ဖြေရှင်းပေးခြင်း မရှိတာတွေကို တိတိကျကျတိုင်ကြားဖို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းခဲ့ပါတယ်။
2015-01-24
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ ရော်ဘာစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒေသခံတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2015-01-24
ဒီမိုကရေစီပညာရေးစနစ်ကို တောင်း ဆိုနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ဟာ မနေ့ကမနက်မှာ ပြင်စည်ရွာကနေ ထွက်ခွါပြီးတဲ့နောက် ညပိုင်းမှာတော့ နွားထိုးကြီးမြို့မှာ ညအိပ်ရပ်နားခဲ့ကြပါတယ်။
2015-01-24
ကချင်ပြည်နယ်က သစ်နဲ့ ကျောက်စိမ်းကျောက် မျက်တွေ တရုတ်နိုင်ငံကို မှောင်ခိုခိုးထုတ်နေ တဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိတင်ပြထားတာ နားဆင်နိုင် ပါတယ်။
2015-01-24
ကမ္ဘာမှာ ယခင်က အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာ အကြားမှာပဲ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနဲ့ သီရိလင်္ကာအပါ အဝင် တောင်နဲ့ တောင်အာရှနိုင်ငံတွေမှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာအကြား ပဋိပက္ခသစ်တွေဖြစ်ပွားလာ တာကြောင့် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးအတွက် စိုးရိမ်စရာတွေ တိုးလာတယ်လို့ လေ့လာသူတွေ က ပြောပါတယ်။
2015-01-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောမှော်ကျေးရွာမှာ သစ်ဆွဲ အိမ်ဆင်တစ်ကောင်ဟာ မုန်ယိုပြီး လိုက်လံသောင်း ကျန်းနေရာမှာ လူငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
2015-01-24
မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုအခမ်း အနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ဒီနေ့ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2015-01-24
ဖားကန့်ကျောက်စိမ်းတွင်း ဒေသဘက် ကနေ တရုတ်ပြည်ဘက်ကို တရားမဝင် ခိုးထုတ်သယ်ဆောင်မယ့် ကျောက်စိမ်းကား ၆ စီးအပါအဝင် ယာဉ်မျိုးစုံ ၁၂စီးနဲ့အတူ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံ သားတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မြစ်ကြီးနားမြို့နယ် ဆင်ဘို မြို့အနီးမှာ စခန်းချနေတယ်လို့ ဒေသခံရွာသားတွေက ပြော ပါတယ်။
2015-01-24
အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဥက္ကဌ ဆရာတော် ဦးတိလောကာ ဘိဝံသ သီတင်းသုံးထိုင်တဲ့ ရန်ကုန်မြို့ အင်းစိန် မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ဇန်နဝါရီ ၂၃ ရက်ညက အကြမ်းဖက်တိုက်ခိုက်ဖို့ ဗုံးလှန့် ခြိမ်းခြောက်ခံခဲ့ရပါတယ်။
2015-01-24
နေပြည်တော်မှာ ဇန်နဝါရီလ ၂၇ရက်နေ့မှာ ထပ်မံကျင်းပမယ့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းနားကို တပ်မတော်သား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ကြားလိုက်တယ်လို့ သိရပါတယ်။
2015-01-24
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် မွတ်စလင်ဒုက္ခသည်စခန်းမှာ မနေ့ကညနေပိုင်းက မီးလောင်မှုဖြစ်ပွား ခဲ့ရာမှာ ၈ ခန်းတွဲ အဆောင် ၁၀ လုံး စုစုပေါင်း အခန်းပေါင်း ၈၀ မီးလောင်ကျွမ်းသွားပါတယ်။
2015-01-24
မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဒုတိယ ဗိုလ်မှုးကြီး ဘရှင်ရဲ့ နှစ်တစ်ရာပြည့် အကြို ဟောပြောပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-01-24
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ကြိမ်နီပြင်စခန်းမှာ စုပေါင်းထမင်းချက်ရုံကတဆင့် မီးလောင်မူဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၁ဝဝ ကျော်နေထိုင်တဲ့ တဲတန်း လျား ဆယ်လုံး ပျက်စီးခဲ့ပါတယ်။