ဗိုလ်ချုပ်ရာပြည့်ပွဲတက်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေကို NLD ထပ်မံဖိတ်ကြား


2015.01.24
military-parliament-305 လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ်
AFP

နေပြည်တော်မှာ ဇန်နဝါရီလ ၂၇ရက်နေ့မှာ ထပ်မံကျင်း ပမယ့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းနားကို တပ်မတော် သား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ကြားလိုက်တယ်လို့ သိရပါတယ်။

အဲဒီပွဲကို နေပြည်တော်ကောင်စီ ရန်အောင်မြင် ဘုရားကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"အခုလာမယ့် ၂၇ ရက် ရန်အောင်မြင် ဘုရားကွင်းမှာ ကျင်းမယ့် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် ဂီတ အနုပညာ ဖျော်ဖြေတင်ဆက်ပွဲကိုလည်း တက်မတော် သား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ဖိတ်ကြား မှာပါ"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့ နေပြည်တော် ပျဉ်းမနားမြို့ တပေါင်းကွင်းမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ် ရာပြည့်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားခဲ့တဲ့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄ဦး တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ရာပြည့်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ကျင်းပရေးကော်မတီက ဦးဆောင်စီစဉ်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။