သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-25
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ့်လန်လမ်းပိုင်း တွန်ကျိုင်းကျေးရွာတဝိုက်မှာ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဒီမနက်ပိုင်းကစလိ့ု တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ သိရပါတယ်။
2018-12-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က လေယာဉ်သုံး တိုက်ခိုက်တာမရှိဘူးလို့ သမ္မတရုံးက ပြောဆိုပေမယ့် မြေပြင်မှာတော့ ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာတွေရှိခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။
2018-12-25
ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ အယူခံအတွက် ဒီကနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် တင်ခဲ့ကြပါတယ်။
2018-12-25
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရွှေမော်ရွာအနီး ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက မြန်မာ့ တပ်မတော်နဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပြီး TNLA က ထုတ်ပြန်ချက်ဟာ မှားယွင်းကြောင်း တပ်မတော်ဘက်က ဒီနေ့ ပြောပါတယ်။
2018-12-25
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှာနေထိုင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်သန်းမောင်ဟာ မနေ့ကည ၁၀ နာရီကျော် အချိန်လောက်မှာ သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
2018-12-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ မြန်မာ့တပ်မတော်ရဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေဘက်က ဒီနေ့မနက်က နေရပ်ပြန်ခိုင်းနေတယ်လု့ိ သိရပါတယ်။
2018-12-25
ရခိုင်ပြည်နယ်မှာ တပ်မတော်က AA ရခိုင်အဖွဲ့ကို ရည်ရွယ်ပြီး ဆောင်ရွက်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးဆိုင်ရာ စီမံချက်တွေကို ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-24
အစိုးရဝန်ထမ်းတွေကို သင်တန်းပေးနေတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့ စစ်ဆေးတဲ့ကိစ္စကို ဝန်ထမ်းစည်းကမ်းအရ အရေးယူမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဒီနေ့ ပြောလိုက်ပါတယ်။
2018-12-24
လားရှိုး နည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ်ခန်းမရှေ့မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုး နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ဟာ ဒီနေ့ နေပြည်တော်က ပညာရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြစဉ် မူးလဲသွားခဲ့တဲ့အတွက် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို ပု့ိဆောင်လိုက်ရပါတယ်။
2018-12-24
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားကို ဒလမြို့နယ် ကမာကဆစ်ကျေးရွာ ဗိုလ်မင်းရောင်လမ်းပေါ်က စီမံကိန်းဧရိယာအတွင်း ဒီနေ့ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
2018-12-24
ရိုက်တာ သတင်းထောက် နှစ်ဦးဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတာဖြစ်ကြောင်း သူတို့နှစ်ဦးရဲ့ ရှေ့နေက ဒီကနေ့ တိုင်းတရားရုံးမှာ အယူခံအတွက် လျှောက်လွှဲချက် တင်ခဲ့ပါတယ်။
2018-12-24
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရွှေမော်ကျေးရွာနားတစ်ဝိုက်မှာ တပ်မတော်စစ်ကြောင်းနဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-12-23
ရက္ခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသကျေး ရွာတွေက စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ ကူညီဖို့သွားရောက်သူတွေကို မြန်မာ့တပ်မတော်က တားမြစ်နေပါတယ်။
2018-12-23
ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ လာကြော်ငြာထားတဲ့ တရုတ်နိုင်ငံဘက်က အငှားကိုယ်ဝန်ဆောင် ကုမ္ပဏီကို စုံစမ်းဖော်ထုတ်ပေးမယ်လို့ တရုတ်နိုင်ငံဘက်က ပြောကြားလိုက်ပါတယ်။
2018-12-23
ပညာရေးဝန်ကြီးဌာနကို တောင်းဆိုချက် ၇ ချက်တောင်းဆိုပြီး လားရှိုးနည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ်ခန်းမရှေ့မှာ ၆ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ကို လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။