သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-24
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မြန်မြန်ဆန်ဆန် ကျဆင်း လာနေကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။
2021-09-24
မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေပြီး၊ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ကြိုးပမ်းမှုတွေလည်း မအောင်မမြင်ဖြစ်နေတဲ့အတွက်၊ အကူအညီတွေ အသည်းအ သန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
2021-09-24
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ PDF အဖွဲ့ဟာ စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် စစ်သားအနည်းဆုံး ၁ဝ ဦးကို ချေမှုန်းသတ်ဖြတ်နိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။ သူတို့အဖွဲ့ဟာအခု အင်အား ၁၅ဝဝ ခန့်အထိ တိုးတက်နေပြီး လိုအပ်ချက်တွေကြားက အစွမ်းကုန် တိုက်ပွဲဝင်နေတယ်လို့လည်း ဆိုပါတယ်။
2021-09-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြပ်အတည်းဟာ မြန်မာနိုင်ငံက ဖန်တီးခဲ့တာဖြစ်တဲ့အတွက် ဖြေရှင်းဖို့အတွက်လည်း မြန်မာနိုင်ငံဘက်က လုပ်ပေးမှ ဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောလိုက်ပါတယ်။
2021-09-24
အမြင့်ဆုံး စာနယ်ဇင်းပညာ စံနှုန်းများကို တိကျစွာ လိုက်နာခြင်းသည် RFA ၏ အရေးအပါဆုံး မူလတာဝန် ဖြစ်သည်။
2021-09-24
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်တပ်နဲ့မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ရေထွက် ကြီးကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က စစ်ကားသုံးစီးနဲ့ စစ်သား တွေရောက်လာပြီး သုံးရက်အတွင်း ကျေးရွာကနေ ပြောင်းရွှေ့ပေးဖို့နဲ့ မပြောင်းရွှေ့ခဲ့ရင် ရွာကိုမီးရှို့မယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုသွားခဲ့တယ်လို့ ရေထွက်ကြီးကျေးရွာသားတွေက RFA ကို ပြောပါတယ်။
2021-09-24
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲအတွင်းမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ရဲ့တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ် ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ထဲ ၉၃ ဦးဟာ ကိုဗစ်ကူးစက်ခံထားရပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-09-24
မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေက မြို့နယ်ပေါင်း ၁၀ ခုမှာ စစ်ကောင်စီက မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံထားရတာ ဒီနေ့ဆိုရင် ၁၀ ရက်မြောက်ရှိ လာပါပြီ။ အခုလို အင်တာနက်ဖြတ်တောက်မှုကြောင့် ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝတွေ ထိခိုက်လာနေသလို စစ်ကောင်စီက သံသယနဲ့ ဖမ်းဆီးမှုတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-24
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ထောင်ဒဏ် နှစ်နှစ်ခွဲအမိန့် ချမှတ်ခံထားရတဲ့ ရခိုင်ကျောင်းသားလေးဦးကို ပြစ် ဒဏ်လျှော့ပေးဖို့ စစ်တွေခရိုင်တရားရုံးကို မနေ့က အယူခံတင်သွင်းရာမှာ ပယ် ချခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-09-24
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ဝန်ကြီးအချို့နဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
2021-09-24
ချင်းပြည်နယ်က ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်း စတဲ့မြို့နယ် ရှစ်ခုနဲ့ မကွေးတိုင်းက မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း စတဲ့မြို့နယ် သုံးခု၊ စုစုပေါင်း မြို့နယ် ၁၁ ခုကို စစ်တပ်က စက်တင်ဘာ ၂၃ ရက် မနေ့ညနေ ၆ နာရီဝန်းကျင်ကစလို့ အင်တာနက် ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-24
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီကုန်း (တောင်) ရွာက နေအိမ်တွေကို စက်တင်ဘာ ၂၄ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင်ကျွမ်းသွားပြီး ကျွဲနွားတိရစ္ဆာန်တွေပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-24
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၇ လမ်း၊ ၄၅ လမ်းနဲ့ ၄၆ ကြားမှာရှိတဲ့ မြရည်နန္ဒာအိမ်ရာဝန်းထဲက ဆက်သွယ်ရေးတာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၄ ရက် ဒီနေ့မနက်အစောပိုင်းမှာ ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-24
စစ်တပ်က အာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာလ ၂၄ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ၂၀၇၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေပါတယ်။
2021-09-24
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်က စစ်ကောင်စီပိုင် Mytel ရုံးရှေ့မှာ စောင့်နေတဲ့ ရဲတပ်သားတစ်ဦး စက်တင်ဘာလ ၂၃ ရက် မနေ့ ညနေပိုင်းမှာ ပစ်သတ်ခံရပြီး အဲဒီရဲကိုင်ဆောင်ထားတဲ့ သေနတ်တစ်လက်ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။