သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-18
မြန်မာနိုင်ငံမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေပြီး အာရပ်ကမ္ဘာက လူထုဆန္ဒပြပွဲတွေလို လူထုအုံကြွမှုတွေဟာ မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2011-09-18
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝ ရပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားကြပါတယ်။
2011-09-18
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းယူခဲ့တာ ၂၃ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့နဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တဝိုက်နဲ့ နယူးယောက်မြို့က မြန်မာနိုင်ငံသားတွေ မြန်မာသံရုံး ရှေ့မှာ မနေ့က စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
2011-09-18
ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်မှာ မနေ့က ကျင်းပရာမှာ မြစ်ဆုံရေအားလျှပ်စစ်ဆည် တည်ဆောက်ရေးစီမံကိန်းအတွက် လိုအပ်တဲ့ ဆန်းစစ်လေ့လာမှုတွေ ထပ်မံ လုပ်ဆောင်သွားမယ် လို့ တာဝန်ရှိသူတွေက ပြောကြားကြောင်း အစည်းအဝေး တက်ရောက်သူတွေဆီက သိရပါတယ်။
2011-09-17
ဧရာဝတီ ‘မြစ်ဆုံ’ ရေကာတာစီမံကိန်း ကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ ထွက်ပေါ်လာနိုင်တဲ့အတွက် စီမံကိန်း ရပ်ဆိုင်းသင့်ကြောင်း ဒေသခံ ကချင် တိုင်းရင်းသားတွေ အပါအဝင် ပညာရှင်တွေ နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဝိုင်းဝန်း ကန့်ကွက်နေချိန်မှာပဲ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ နေပြည်တော် လွှတ်တော်မှာ ဒီရက်ပိုင်းအတွင်း တုန့်ပြန် ပြောဆိုလိုက်ပါတယ်။
2011-09-17
မန္တလေးတိုင်း မိတ္ထီလာခရိုင်မှာ လူ့အခွင့်အရေး ဆွေးနွေးပွဲတရပ်ကို HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက်က ဦးစီးပြီး ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2011-09-17
မန္တလေးတိုင်း ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ကျေးရွာ ၁ဝ ရွာကျော်က လူနေအိမ် ၁ ထောင်ကျော်ကို မြေစာရင်းဦးစီးဌာနက ဖျက်ခိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူ ၂ ရာကျော် တရားစွဲဆို ခံနေရတယ်လို့ သိရပါတယ်။
2011-09-17
ဗြိတိန်နိုင်ငံ အတိုက်အခံလေဘာပါတီ နိုင်ငံခြားရေးရာ တာဝန်ခံ Douglas Alexander က မြန်မာနိုင်ငံမှာ ဖြစ်ပွား နေတဲ့ စစ်ရာဇဝတ်မှုတွေ ဖော်ထုတ် စုံစမ်းဖို့အတွက် ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်း နိုင်အောင် တခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေကို စည်းရုံးပေးဖို့ ဗြိတိန်အစိုးရကို မနေ့က ကြေညာချက် ထုတ်ပြန် ဆော်သြလိုက်ပါတယ်။
2011-09-17
KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာမှာ အစိုးရတပ်တချို့ ဆုတ်ခွာရင်း ကချင် ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-09-17
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ဖြစ်ပွားနေတဲ့ ဘင်္ဂလား ပင်လယ်အော် ပင်လယ်ရေပြင် နယ်နိမိတ် သတ်မှတ်ရေးအမှုကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က အပြည်ပြည်ဆိုင်ရာ ပင်လယ်တရားဥပဒေရုံးမှာ စစ်ဆေးနေရာမှာ မြန်မာ နိုင်ငံအတွက် လျှောက်ထားချက်တွေကို စက်တင်ဘာ လ ၁၅ ရက်နေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။
2011-09-17
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းသူ ကနေဒါနိုင်ငံသားတဦးကို ကနေဒါအစိုးရက "The Order of Canada" ခေါ် အမြင့်ဆုံးနိုင်ငံသားဆုကို မနေ့က ချီးမြှင့် ပေးအပ်လိုက်ပါတယ်။
2011-09-16
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မဲဆန္ဒနဲ့ ရွေးကောက် တင်မြှောက်မှာမဟုတ်ဘဲ ဒေသ အာဏာပိုင်တွေက တိုက်ရိုက် ခန့်အပ်တဲ့ စနစ်ကို ကျင့်သုံးဖို့ နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူလွှတ်တော် ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
2011-09-16
အစိုးရသစ်နဲ့ တိုင်းရင်းသား အင်အားစုများအကြား အကျပ်အတည်း ဆိုတဲ့အမည်နဲ့ အစီရင်ခံစာ တစ်စောင်ကို လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2011-09-16
စက်တင်ဘာ (၂၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာအစိုးရ တပ်တွေနဲ့ တစ်ရက်တာ အပစ်အခတ် ရပ်စဲဖို့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး ကမ်းလှမ်း လိုက်ပါတယ်။
2011-09-16
အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်းရဲ့ ကျန်းမာရေး အလွန် ဆိုးရွားနေတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။