ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး တိုက်ရိုက်ခန့်မည်
2011.09.16

(Photo: AFP/MRTV 4)
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လူထုဆန္ဒမဲနဲ့ ရွေးချယ်ဖို့ အဆို တင်သွင်းခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဦးကိုကို က အဲဒီ အဆိုကို လက်မခံဘဲ ဆန့်ကျင်ဘက် အဆိုတင်သွင်းပြီး မဲခွဲ ဆုံးဖြတ် ပယ်ချ ခဲ့တယ်လို့ သိပါတယ်။
ဒါ့အပြင် ညအိပ် ဧည့်သည်တွေကို ဧည့်စာရင်း တိုင်တဲ့အခါမှာ ငွေကြေးမယူဖို့ ဦးသိန်းညွန့်က ဆက်လက် တင်သွင်းခဲ့တာကိုလည်း ပြည်ထဲရေးဝန်ကြီးက သဘောမတူကြောင်း ပြန်လည်ဆွေးနွေးပြီး မဲခွဲကာ ပယ်ချ ခဲ့တယ်လို့ သိရပါတယ်။