တစ်နေ့တာ အပစ်ရပ်ရေး KNU ကမ်းလှမ်း

စက်တင်ဘာ (၂၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာအစိုးရ တပ်တွေနဲ့ တစ်ရက်တာ အပစ်အခတ် ရပ်စဲဖို့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး ကမ်းလှမ်း လိုက်ပါတယ်။

2011.09.16
knu_karen_troops_305_z.jpg မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်သော KNU ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ငြိမ်းချမ်းရေး တိုင်းရင်းသား တန်းတူညီခွင့်နဲ့ ဒီမိုကရေစီရေး တွေကို ရှေးရှုပြီး အခုလို ကမ်းလှမ်း ရတာပါလို့ KNU အဖွဲ့က ပြောပါတယ်။

မနေ့က ထုတ်ပြန်တဲ့ KNU ကြေညာချက် ထဲမှာတော့ ဦးသိန်းစိန် အစိုးရအနေနဲ့ ပထမအဆင့် ယာယီ အပစ်ရပ်ထားပြီး အဲဒီက တစ်ဆင့် ကရင်ပြည်နယ် တွင်းက အစိုးရတပ်တွေ ပြန်ဆုတ်ပေးဖို့၊ နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်တွင်း စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်ပစ်ဖို့ တောင်းဆို ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်တုန်းကလည်း အခုလို တစ်ရက်တာ အပစ်ရပ်ရေး KNU ဘက်က ကမ်းလှမ်း ခဲ့ပါတယ်။ အဲဒီအချိန် စစ်အစိုးရဘက်ကတော့ တုံ့ပြန်ပြောဆိုချင်း မရှိပေမယ့် အဲဒီနေ့မှာ တိုက်ပွဲတွေတော့ မဖြစ်ခဲ့ဘူးလို့ သိရ ပါတယ်။

အပစ်အခတ် ရပ်စဲရေး အလားအလာတွေနဲ့ ပတ်သက်ပြီး KNU ဒုဥက္ကဌ ပဒို စောဒေးဗစ်တာကပေါ ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။