အာရပ်ကမ္ဘာ အပြောင်းအလဲမျိုးနဲ့ မြန်မာ့နိုင်ငံရေး အဖြေရှာမရနိုင်

မြန်မာနိုင်ငံမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေပြီး အာရပ်ကမ္ဘာက လူထုဆန္ဒပြပွဲတွေလို လူထုအုံကြွမှုတွေဟာ မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

2011.09.18
dassk_release_waving_305_z ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။ (Photo: AFP)
(Photo: AFP)

AFP သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အမှန်တကယ် ဆန္ဒရှိပုံရတယ်လို့လည်း ပြောကြားခဲ့တယ်လို့ AFP သတင်းက ဒီကနေ့ ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်ကတည်းက ဒီသဘောထားမျိုး ရှိပါတယ်လို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီသဘောထားတွေနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျနော်တို့ကို ရှင်းပြတာရော၊ ကျနော်တို့နဲ့ တွေ့ဆုံစကားပြောတာ ဒီသဘောထားအတိုင်း ရှိပါတယ်။ အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ဟာမျိုး ပုံစံတူ ဒီတိုင်းပြည်မှာ ဖြစ်ဖို့လည်း မျှော်လင့်စရာ မရှိဘူးလို့ ကျနော်တို့ နားလည်ထားပါတယ်။ ဒါက နဂိုတည်းက ရှိပြီးသား သဘောထား ဖြစ်တယ်လို့ ကျနော် ပြောနိုင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ AFP မေးမြန်းချက်မှာ မြန်မာ့နိုင်ငံရေးမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေကြောင်း၊ ဒါပေမယ့် မိမိတို့အားလုံး လွတ်လပ်နေပြီ၊ အလုံးစုံ လွတ်လပ်နေပြီလို့ ပြောလို့ မရကြောင်း၊ အဲဒီလို အခြေအနေ ရောက်ဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

မိမိအနေနဲ့ သတိရှိတဲ့ အကောင်းမြင်ဝါဒ ရှိသူတဦးပီပီ ဒီအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ အပြောင်းအလဲ အမှန်တကယ် လုပ်ဆောင်လိုတဲ့သူလို့ မိမိ ယုံကြည်ကြောင်း၊ ဒါပေမယ့် သူ ဆန္ဒရှိသလို အပြောင်းအလဲ တကယ် ဖော်ဆောင်နိုင်စွမ်း ရှိမရှိကတော့ မိမိတို့ သတိထား ဆန်းစစ်သွားဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လစ်ဗျားနိုင်ငံနဲ့ ပတ်သက်လို့ ပြောကြားရာမှာ လက်ရှိ လစ်ဗျားမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အချိန်ကာလ တခုအထိ ဆက်ရှိနေမယ်ဆိုတာ လူတိုင်းသိကြောင်း၊ အစိုးရဟောင်းက လူအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး အစိုးရသစ် ဖွဲ့နိုင်ပေမယ့် တိုင်းပြည်အတွင်း အာဃာတနဲ့ အမုန်းတရားတွေ ကျန်နေပြီး စိတ်အနာတရတွေ ကုစားဖို့ အချိန်တွေ အများကြီး ကြာမြင့်မှာဖြစ်ကြောင်း ဖြေကြားထားပါတယ်။

စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်လာဖို့ အချိန်အများကြီး လိုကြောင်း၊ ဒါ့ကြောင့် အပြောင်းအလဲကို တွေ့ဆုံ ညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့သာ လုပ်ကိုင်ဖို့ မိမိမှာ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-18 19:57

အမေစု သဘောထားကို ကျွန်တော် အပြည့်အ၀ ထောက်ခံပါတယ်။ ကချင်လူမျိုးဖြစ်တဲ့အတွက် ကချင်ပြည်နယ်အရေးလည်း အပြုသဘောဆောင် အမြန်ဆုံးအဖြေရှာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးတိုင်းပြည်နဲ့ ပြည်သူ ဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းချမ်းသာယာပြီး ရောင်းဝယ်ဖောက်ကား၊ မိသားစုတွေ အဆင်ပြေကြပါစေလို့ ရင်မှအမှန် ဆန္ဒပြုပါတယ်။
အစိုးရနှင့် ပြည်သူများ ဘုရားသခင်ကောင်းကြီးပေးပါစေ။
Famous

Anonymous
2011-09-19 05:40

She has some doubt about President Thein Sein’s capability and authority to change Government direction but she comment with caution, wise and very intelligent way.
I absolutely trust her. Daw Su is trying to veer current Government policy to right direction at the moment and we must support her. I hope President U Thein Sein will listen to Daw Su and he will become sincerely on Burma future.
Thein Sein needs some times for inner circle change in the military and Government.
We should not forget about she will be standing by Burmese peoples side.
We have to decide and think with our head for what should we do if Government does not change in coming years.