မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်မြေအငြင်းပွားမှု ဂျာမဏီမှာ ဆက်လက်စစ်ဆေး

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ဖြစ်ပွားနေတဲ့ ဘင်္ဂလား ပင်လယ်အော် ပင်လယ်ရေပြင် နယ်နိမိတ် သတ်မှတ်ရေးအမှုကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က အပြည်ပြည်ဆိုင်ရာ ပင်လယ်တရားဥပဒေရုံးမှာ စစ်ဆေးနေရာမှာ မြန်မာ နိုင်ငံအတွက် လျှောက်ထားချက်တွေကို စက်တင်ဘာ လ ၁၅ ရက်နေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။

2011.09.17

အဲဒီ ကြားနာပွဲကို မြန်မာနိုင်ငံဘက်က အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ရှင်းလင်း လျှောက်ထားခဲ့တယ်လို့ တရားခွင်ကို သွားရောက်လေ့လာခဲ့တဲ့ ဂျာမဏီနိုင်ငံရောက် မြန်မာကျောင်းသားတဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးတာတွေကို စက်တင်ဘာလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုတွေကို စက်တင်ဘာလ ၁၅ ရက် ကနေ ၂ဝ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ တရားခွင်ကို သွားရောက် လေ့လာခဲ့သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ဘင်္ဂလားပင်လယ်အော်ထဲက စိန်မာတင်ကျွန်း အနီးက ရေပိုင်နက်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပင်လယ် တရားဥပဒေရုံးမှာ ဆုံးဖြတ်ချက် ခံယူဖို့ ကြားနာနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။