ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ နယ်ခြားစောင့်တပ်ရင်းသစ်တစ်ခု တိုးချဲ့ဖွင်လှစ်

RFA Burmese
2025.03.01
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ နယ်ခြားစောင့်တပ်ရင်းသစ်တစ်ခု တိုးချဲ့ဖွင်လှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
AFP

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ဖို့အတွက် ကော့ဇ်ဘဇားခရိုင် ယူကီရာ (Ukhiya) မှာ နယ်ခြားစောင့် BGB တပ်ရင်းအသစ်ကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ဂျာဟန်ဂျီ အာလမ် ချောဒရီ (Jahangir Alam Chowdhury ) က ကျမ်းသစ္စာကျိန်ဆို ဖွင့်လှစ်ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် BSS News မှာ ဒီနေ့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အတွက် စိုးရိမ်စရာတွေ ပိုများလာတဲ့အတွက် နယ်စပ်မှာ တပ်ရင်းအသစ်ထားပြီး လုံခြုံရေးတင်းကြပ်ဖို့ လိုအပ်တဲ့အချိန်ရောက်လာပါပြီလို့ ပြည်ထဲရေးအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီးက သတင်းစာရှင်းလင်းပွဲမှာ တပ်ရင်းသစ်ရဲ့အလံကို ဝှေ့ရမ်းပြီး ပြောပါတယ်။

Ukhiya တပ်ရင်းအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးကို အမှားအယွင်းကင်းကင်းဆောင်ရွက်နိုင်မယ့် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တပ်ရင်းသစ်ဟာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုပစ္စည်းများကုန်သွယ်မှုတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေကို တားဆီးမှာဖြစ်သလို ဒေသတွင်းနေထိုင်သူ တွေရဲ့ အသက်အိုးအိမ် လုံခြုံရေးတွေကို တာဝန်ယူ ကာကွယ်သွားမယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ဂျာဟန်ဂျီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။