တိုင်းရင်းသားအရေး နဲ့ လူ့ဘောင်သစ်
2011.09.16
စာမျက်နှာ ၁၄၆ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြောင်း၊ စစ်အစိုးရနဲ့ သဘောတူညီချက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းရင်းသား အခွင့်အရေး စတဲ့ ခေါင်းစဉ်တွေနဲ့ အခန်း ၁၆ ခန်းခွဲပြီး တင်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ အစီရင်ခံစာ ရေးသား ထုတ်ဝေရာမှာ ပါဝင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက RFA ကို အခုလိုပြောပါတယ်။
“ကျနော်တို့ နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ကိစ္စက ကျနော်တို့ နိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်။ ဒီကိစ္စကို ငြှိမ်းနိုင် သတ်နိုင် တားနိုင် ဆီးနိုင်ရင် ကောင်းတယ်။ ဒါ့ကြောင့်မို့ ပြည်တွင်းစစ်တွေ ဘာ့ကြောင့် ဖြစ်သလဲ။ ဘယ်လို နောက်ခံ အကြောင်းရင်းတွေ ရှိသလဲ။ အဲဒါကို ဖြေရှင်းချင်ရင် ဘယ်လို စိတ်ရင်း သဘောထား အရင်းခံနဲ့ ချဉ်းကပ်သင့်သလဲ ကိစ္စတွေအပေါ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဘက်တွေ ကြားထဲမှာ ပိုပြီး နားလည်မှုတွေ ပြည့်စုံသွားအောင် အချက်အလက်တွေ ဖလှယ်တဲ့ သဘောနဲ့ ဒီ အစီရင်ခံစာကို ထုတ်တာဖြစ်ပါတယ်”
အစီရင်ခံစာထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ခံ နိုင်ငံရေး အခြေအနေတွေကို ဖော်ပြထား သလို၊ အစိုးရအနေနဲ့ ပေးထားတဲ့ ကတိတွေကို ချိုးဖောက်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြစ်ရပ်တွေကိုလည်း ဖော်ပြထား ပါတယ်။
ဒီစာကို ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးကို ပေးပို့သွားမယ်လို့ ဦးငွေလင်းကပြောပါတယ်။
ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |