သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-26
မကွေးတိုင်း ချောက်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်း ဘုရားစေတီ ပုထိုးတွေကို သမ္မတဦးထင်ကျော် ဒီနေ့သွားရောက်စစ်ဆေးခဲ့ပြီး၊ ရှေးဟောင်းအမွေ အနှစ်တွေ မပျက်စီးအောင် ပြန်လည်ပြုပြင်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။
2016-08-26
ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်နေတာနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ-ANP နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ သြဂုတ်လ (၂၄) ရက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-08-26
ရှမ်းပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရှမ်းနဲ့ တအာန်း-ပလောင် လူမျိုးတွေကြားမှာ လူမျိုးရေးဆန်တဲ့ မုန်းတီးမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို မုန်းတီးမှုတွေ မဖြစ်အောင် ကာကွယ်တားဆီးနိုင်ဖို့ရည်ရွယ်တဲ့ လူငယ် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို လားရှိုးမြို့ Golden Hill Hotel မှာ အခုလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-08-26
မန္တလေးစက်မှုဇုံမှာ အသစ်ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ Asia Energy ဓာတ်ဆီဆိုင်ကို လုံးဝပိတ်သိမ်းပေးဖို့ အတွက် အဲဒီဆီဆိုင်နားမှာအလုပ်လုပ်နေကြတဲ့ စက်ရုံလုပ်သား ၁၀၀ လောက်က ဒီကနေ့ ဆန္ဒထုတ်ဖော် တောင်းဆိုကြပါတယ်။
2016-08-26
မြန်မာနဲ့ အီတလီနိုင်ငံမှာ ငလျင် တစ်ရက်တည်း လှုပ်ခတ်ခဲ့ပေမယ့် အဲ့ဒီငလျင်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု မရှိဘူးလို့ ငလျင်ဆိုင်ရာ သိပ္ပံပညာရှင် ၂ ဦးကို မေးမြန်းပြီး National Geographic မဂ္ဂဇင်းက သြဂုတ်လ ၂၄ ရက်နေ့က ရေးသားပါတယ်။
2016-08-25
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ လာမယ့်သီတင်းပတ် အင်္ဂ ါနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဆွေးနွေးမှာ ဖြစ်သလို ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
2016-08-25
ငလျင်ကြောင့် ပုဂံမှာ ဘုရားပုထိုးတော်တွေ ပျက်စီးသွားတဲ့အတွက် ကုလသမဂ္ဂ UNESCO အဖွဲ့က စိတ်မကောင်းဖြစ်ရ ပြီး မြန်မာအစိုးရနဲ့အတူ ပူးပေါင်းကူညီသွားမယ်လို့ သတင်း ထုတ်ပြန်ပါတယ်။
2016-08-25
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသူ ၉ ယောက် ရှိသွားပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဂျပန် ဦးနှောက်ရောင်ရောဂါ ကူးစက်ခံထားရသူ ၅ဝ လောက်ရှိနေပြီး ဒေသခံ လူထုအကြားမှာ အဲ့ဒီရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ များလာနေ ပါတယ်။
2016-08-25
မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်အရပ်ဘက်အဖွဲ့တွေ အပါအဝင် မွန်ရဟန်းသံဃာတော်တွေပါဝင်တဲ့ မွန်အမျိုးသားညီလာခံကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်က တောင်ပေါက်ကျေးရွာအုပ်စု ပေါလေရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ၂၂ ရက်နေ့ကနေ ၂၄ ရက် နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2016-08-25
မကွေးမြို့မှာ သြဂုတ်လ ၁၅ ရက်နေ့ညက ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တပ်စည်းကမ်း၊ ရဲစည်းကမ်းတွေနဲ့ အရေးယူမှာဖြစ်တယ်လို့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းက ပြောပါတယ်။
2016-08-25
မြန်မာနိုင်ငံမှာ နှစ်ကာလရှည်ကြာ ဖြစ်ပေါ်ခဲ့တဲ့ ပြည် တွင်းစစ်ကြောင့် ဘေးထွက်ဆိုးကျိုးတွေ အများ အပြား ပေါ်ထွက်လာရပါတယ်။ ဒီဆိုးကျိုးတွေထဲမှာ လူမျိုးရေးမုန်းတီးမှုလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
2016-08-25
မြန်မာနိုင်ငံက မြေငလျင်နဲ့ပတ်သက်လို့ အမေရိကန်ထိပ်တန်း နိုင်ငံရေးပါတီကြီး ၂ ခုက ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်နေကြတဲ့ သမ္မတလောင်းနှစ်ဦးကလည်း ဝမ်းနည်းကြောင်း ကြေညာ ချက်တွေကို မနေ့က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
2016-08-25
၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲကို အင်တာနက် အွန်လိုင်းပေါ်မှာ ကမ်ပိန်း လုပ်တဲ့ သူတွေစုပြီး ဒီကနေ့ ရန်ကုန် မြို့ ပြည်လမ်းပေါ်က အင်းလျားကန်ဘောင် မှာ ပြုလုပ်ခဲ့ပါတယ်။
2016-08-25
ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားတွေကို ရှင်းလင်းတဲ့အခါ မှာ ရှေးဟောင်းစံတန်ဖိုးတွေကို ဂရုတစိုက် အလေးထားထိန်းသိမ်းဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ညွှန်ကြားလိုက်ပါတယ်။
2016-08-25
နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက မနေ့က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင် အမျိုးသားပါတီ ANP က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။