ယူနက်စ်ကိုအဖွဲ့က ပုဂံရှေးဟောင်းဒေသမှာ ကူညီနေ
2016.08.25

ငလျင်ကြောင့် ပုဂံမှာ ဘုရားပုထိုးတော်တွေ ပျက်စီးသွားတဲ့အတွက် ကုလသမဂ္ဂ UNESCO အဖွဲ့က စိတ်မကောင်းဖြစ်ရပြီး မြန်မာအစိုးရနဲ့အတူ ပူးပေါင်းကူညီသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
၆.၈ ပြင်းအားငလျင်ကြောင့် သေဆုံးသူတွေနဲ့ စေတီပုထိုးတွေ ပျက်စီးသွားတဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရကြောင်းနဲ့ လက်ရှိအချိန်အထိ စေတီ ၁၈၄ ဆူပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ပျက်စီးမှုတွေကို လေ့လာမှတ်တမ်းတင်နိုင်ဖို့အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနက အဖွဲ့ ၁၁ ဖွဲ့ခွဲပြီး လုပ်ဆောင်နေပါတယ်။ အဲ့ဒီအဖွဲ့တွေနဲ့အတူ ယူနက်စ်ကို အဖွဲ့က ကျွမ်းကျင်သူ ပညာရှင်တွေက အကူအညီပေးနေပါတယ်။
ပုဂံရှေးဟောင်းအမွေအနှစ်နေရာတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အဖွဲ့အနေနဲ့ သံဓိဌာန်ချမှတ်ထားပါတယ်။ ယူနက်စ်ကို အဖွဲ့ဟာ မြန်မာအစိုးရနဲ့အတူ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာအဖြစ် အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေပါတယ်။