ဂျပန်ဦးနှောက်ရောင်ရောဂါ အကြောင်း မေးမြန်းချက်
2016.08.25
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသူ ၉ ယောက် ရှိသွားပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံထားရသူ ၅ဝ လောက်ရှိနေပြီး ဒေသခံ လူထုအကြားမှာ အဲ့ဒီရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ များလာနေပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကံသာက လားရှိုးမြို့ ပြည်သ့ူဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာ ဇင်ဇင်သန်းဝေ ကို တွေ့ဆုံမေးမြန်းထားပါတယ်။