ဘန်ကီမွန်း မြန်မာနိုင်ငံကို လာမယ့်သီတင်းပတ်ရောက်မည်


2016.08.25
bankimoon-620.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ကို တွေ့ရစဉ်
Photo: RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ လာမယ့်သီတင်းပတ် အင်္ဂ ါနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ် ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို ၂၁ ရာစု ပင်လုံ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။

ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်း ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ လာမယ့်ခရီးစဉ်အတွင်း သီရိလင်္ကာ၊ မြန်မာ၊ တရုတ်နဲ့ လာအို နိုင်ငံတွေ ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။