မွန်အမျိုးသားညီလာခံ ကျင်းပ

2016.08.25

မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်အရပ်ဘက်အဖွဲ့တွေ အပါအဝင် မွန်ရဟန်းသံဃာတော်တွေပါဝင်တဲ့ မွန်အမျိုးသားညီလာခံကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်က တောင်ပေါက်ကျေးရွာအုပ်စု ပေါလေရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ၂၂ ရက်နေ့ကနေ ၂၄ ရက် နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီညီလာခံကနေ ၂၁ ပင်လုံညီလာခံမှာ မွန်အမျိုးသားတွေကနေ ဖက်ဒရယ်နဲ့ပတ်သက်ပြီး တစ်သံတည်း ထွက်ဖို့နဲ့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မွန်တိုင်းရင်းသားတွေဘက်က ဆွေးနွေးအကြံပြုနိုင်ဖို့ အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒီညီလာခံကို တတ်ရောက်ခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကို RFA သတင်းထောက် ကိုကျော်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။