သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-25
ပြီးခဲ့တဲ့နှစ် မတ်လက မိတ္ထီလာမြို့ မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသူတွေထဲက ပိုင်ဆိုင်မှုအထောက် အထားရှိတဲ့ အိမ်ထောင်စုပေါင်း ၃၅၀အတွက် လုံးချင်း တိုက်အလုံး ၃၅၀ မှာ နေရာချပေးထားတယ်လို့ သိရပါတယ်။
2014-08-25
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ဆန္ဒပြခဲ့တဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုဝေဠုနဲ့ လယ်သမား အရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့ နယ် တရားရုံးက တရား မဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ ဒီနေ့ ထောင် ဒဏ် ၃လစီ ချမှတ်လိုက်ပါတယ်။
2014-08-25
မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီခရီး ဘယ်ဘက် ကို ဦးတည်နေတယ်ဆိုတာကို အခုအချိန်၂၀၁၄ ခုနှစ်က မှတ်ကျောက် တင် ဆုံးဖြတ်မှာဖြစ်တဲ့အတွက် စာပေအနုပညာရှင်တွေ အနေနဲ့ ဒီမိုကရေစီအင်အား စုတွေနဲ့ လက်တွဲပူးပေါင်း ဖို့ ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ တိုက်တွန်းလိုက်ပါ တယ်။
2014-08-24
မြန်မာ့ပင်လယ်ပြင်အတွင်း သင်္ဘောတစ် စီးပေါ်က သန်းနဲ့ချီတဲ့ မူးယစ်ဆေးပြားတွေ ကို မြန်မာ့ရေတပ်က စံချိန်တင် ဖမ်းဆီးမိခဲ့ ပါတယ်။
2014-08-24
အိန္ဒိယဘက်က သတင်းအချက် အလက်တွေပေးရင် နယ်စပ်သူပုန် အဖွဲ့တွေကို တိုက်ထုတ်ရေးကိစ္စ ကူညီဆောင်ရွက်နိုင် မှာဖြစ်ကြောင်း မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း အိန္ဒိယ PTI သတင်း က ဖေါ်ပြပါတယ်။
2014-08-24
မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရက ချပေးခဲ့တဲ့ ဘဏ္ဍာငွေ ကျပ် ၁၀၉ ဘီလီယံထဲက ပိုလျှံတဲ့ ၁၃ ဘီလီယံကျော် ပြန် အပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-08-24
စံပယ်တောင်-ကြေးစင်တောင်စီမံကိန်း ဝန်းကျင်က ရွာတွေမှာ စည်းရိုးခတ်မယ် လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မြန်မာ၊ ယန်စီကြေးနီကုမ္ပဏီက အကြောင်းကြားထားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2014-08-24
မွန်ပြည်နယ်၊ ရေးမြို့နယ် ဖာလိန်တောင် အနီးက အံဒင်ကျေးရွာမှာ ကျောက်မီးသွေး သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နေတဲ့အတွက် ဒေသခံတွေက လက်မှတ်တွေ လိုက်လံကောက်ယူပြီး ကန့်ကွက်နေကြပါတယ်။
2014-08-24
ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပါတီဝင် ၄၀ လောက်ဟာ ကျားခေါင်း ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ဒီနေ့ ကူးပြောင်းခဲ့ ပါတယ်။
2014-08-24
ရခိုင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. V.J. Nambiar ဟာ ဒီကနေ့ မြေပုံမြို့ကို ဆိုက်ရောက်သွားပြီး မြို့နယ်ရုံးမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2014-08-24
ပြီးခဲ့တဲ့၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ပြည်ထောင်စုအစိုးရက ချပေးထားတဲ့ ဘဏ္ဍာငွေ ကျပ် ၁၀၉ ဘီလီယံထဲက ပိုလျှံတဲ့ ၁၃ ဘီလီယံကျော် ကို ပြည်ထောင်စုအစိုးရထံ ပြန်လည်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
2014-08-24
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၅ ရပ် ကွက်လောက် ရေနစ်မြုပ်နေပါတယ်။
2014-08-24
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သာသ နာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ ကျန်းမာရေးအခြေအနေဟာ ကျန်းမာရေးဆိုးဝါးနေတာ မဟုတ်ဘဲ ကောင်းမွန်နေကြောင်း တရားရုံးမှာ တာဝန်ကျတဲ့ လုံခြုံရေးအဖွဲ့က RFA ကို ပြော ပါတယ်။
2014-08-23
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ် မှာ မြန်မာနိုင်ငံ တရားရုံးတွေမှာ တစ်ရွာတစ်ပုဒ် ဆန်းဆိုသလို အမိန့်စီရင်ချက်ချမှတ်ပုံတွေ မညီ မညွတ်ဖြစ်ပြီး တရားစီရင်ရေးစနစ်အပေါ် ဝေဖန် မှုတွေ ပေါ်ထွက်နေတဲ့အကြောင်းကို တရားရုံး ချုပ် ရှေ့နေနှစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းနဲ့ ဦးစန်းမောင် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2014-08-23
ဘာသာရေးမုန်းတီးမှုတွေ ပပျောက်ပြီး ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင် နိုင်ရေးအတွက် ရည်ရွယ်တဲ့ မေတ္တာတရား နဲ့ နိုင်ငံတော်လို့ အမည်ပေးထား တဲ့ ဆွေးနွေးဟောပြောပွဲ ကို ပြင်ဦးလွင်မြို့မှာ ကျင်းပရာ သံဃာတော်တွေအပြင် စန်းစန်းနွဲ့ (သာယာဝတီ ၊ ဆရာ ချစ်ဦးညို စတဲ့နာမည်ကြီး စာရေးဆရာတွေက ဟောပြော ခဲ့ကြပါတယ်။