ကုလ အထူးကိုယ်စားလှယ် မြေပုံ မြို့ကို ဆိုက်ရောက်


2014.08.24
nambiar-305.jpg မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. V.J. Nambiar စစ်တွေမြို့ခံလူကြီးတွေနဲ့ ပြည်နယ် ECC ရုံးမှာ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. V.J. Nambiar ဟာ ဒီကနေ့ မြေပုံမြို့ကို ဆိုက်ရောက်သွားပြီး မြို့နယ်ရုံးမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Mr. Nambiar နဲ့ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ်လျှပ်စစ် ဝန်ကြီး ဦးအောင်သန်းတင်တို့ အဖွဲ့ဟာ နံနက် ၁၀ နာရီလောက်မှာ မြို့နယ်တာဝန်ရှိသူတွေ၊ ဒေသခံတွေ နဲ့ တွေ့ဆုံပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား ရှေ့ဆက်အတူတကွ ယှဉ်တွဲနေ ထိုင်နိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒီခရီးစဉ်မှာလိုက်ပါသွားတဲ့ မြေပုံမြို့နယ် မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

အဲ့ဒီနောက် သူဟာ မြေပုံမြို့အနီးက ဒုက္ခသည်စခန်းကိုသွားရောက်ခဲ့ပြီး  ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

Mr. Nambiar ရဲ့ မြေပုံမြို့ ခရီးစဉ်အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။