မိတ္ထီလာပဋိပက္ခ ဒုက္ခသည် များအား နေအိမ်အလုံး ၃၅၀ လွှဲအပ်
2014.08.25

ပြီးခဲ့တဲ့နှစ် မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသူတွေထဲက ပိုင်ဆိုင်မှုအထောက်အထားရှိတဲ့ အိမ်ထောင်စုပေါင်း ၃၅၀အတွက် လုံးချင်းတိုက်အလုံး ၃၅၀ မှာ နေရာချပေးထားတယ်လို့ သိရပါတယ်။
နေအိမ်ပိုင်ဆိုင်မှု အထောက်အထားရှိသူတွေအပြင် ကျူးကျော်နေထိုင်သူတွေနဲ့ အိမ်ငှားတွေအတွက် လည်း နေရာပေးသွားမှာဖြစ်တယ်လို့ ဒုက္ခသည်တွေ ပြန်လည်နေရာရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ မိတ္ထီလာမြို့ ၈၈ ကျောင်းသားဟောင်းများအဖွဲ့ချုပ်က ဦးတီမောစိုး က ပြောပါတယ်။
"တချို့က ကျူးကျော်ရှိတယ်ဗျာ၊ တချို့က ပိုင်ဆိုင်မှှုတွေမှာ ခိုင်မာမှှုတွေမရှိဘူးဗျာ၊ အိမ်ငှားတွေရှိတယ်ဗျာ၊ အခုလက်ရှိချပေးထားတဲ့ အဖွဲ့တွေကတော့ လက်ထဲမှာတော့ဗျာ ဂရန်ဆိုဂရန်ရှိတယ်ဗျာ၊ မြေသိမ်းမိန့်ဆို မြေသိမ်းတဲ့အမိန့် အတိအကျရှိတယ်ဗျာ၊ ရှိတဲ့ဥစ္စာလေးတွေကိုမှ လုပ်ပေးထားတာပေါ့နော်၊ ပိုင်ဆိုင်မှှု အပြည့် အဝပြည့်စုံတဲ့ လူကို လုံးချင်းလေးတွေ မဲနှှိုက်ပြီးချပေးထားတာခင်ဗျ၊ ဒုတိယဦးစားပေးအနေနဲ့ကတော့ အိမ်ငှားတို့စိစစ်ပြီး နေရာချထားပြီးပေးမှာပါ၊ အကုန်လုံးကိုအာဏာပိုင်အဖွဲ့အစည်းကရော၊ အရပ်ဘက် အဖွဲ့အစည်းတွေကရော အကုန်လုံးညှိနှှိုင်းဆောင်ရွက်ပြီး နစ်နာမှှုမရှိအောင် ဆောင်ရွက်ပေးနေတာပါ"
မိတ္ထီလာမြို့ပဋိပက္ခမှာ ချမ်းအေးသာယာရပ်ကွက်က လူနေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အဲ့ဒီအထဲက အိမ်ထောင်စု ၃၅၀ အတွက် မြန်မာမွတ်စလင် ရောင်နက်ဗလီ မိသားစုက လှူဒါန်း ထားတဲ့ လုံးချင်းတိုက် အလုံး ၃၅၀ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က နေရာချထားပေးတာဖြစ်ပါ တယ်။
ကျန်တဲ့အိမ်ထောင်စုပေါင်း ၃၀၀ ကျော်အတွက်လည်း စက်တင်ဘာလမကုန်ခင် နေရာချပေးနိုင်အောင် စီစဉ်ပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးခဲ့ပြီး လူဦးရေ တစ်သောင်းနီးပါး ဒုက္ခသည်စခန်း ၅ ခုမှာ နေထိုင်ခဲ့ကြပါတယ်။
လက်ရှိမှာ မိတ္ထီလာမြို့က ဒုက္ခသည်စခန်း ၅ ခုမှာ ဒုက္ခသည်သုံးထောင်ကျော် ကျန်နေသေးတယ်လို့ သိရပါတယ်။