သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-28
လာရှိုးမြို့က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို မိုင်းရယ်မြို့အဝင် ဟိုယရွာမှာ တပ်စွဲထားတဲ့ ကိုကန့်တပ်ဖွဲ့ (MNDAA) က ဖမ်ဆီးစစ်ဆေးမှုတွေ လုပ်နေပါတယ်။
2024-07-28
တနင်္သာရီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာ ၁၁ ခန့်မှာ ရေဝင်နစ်မြုပ်နေပြီး ဒေသခံတချို့လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။
2024-07-28
လားရှိုးမြို့ထဲကို ဇူလိုင်လ ၂၇ ရက်နေ့မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) “ဝ” တပ်ဖွဲ့က ဝင်ရောက်တပ်စွဲလိုက်ပါတယ်။
2024-07-28
လွိုင်ကော်မြို့က တိုက်ပွဲ တစ်လနီးပါးအတွင်း နေအိမ် ခြောက်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရတယ်ပါတယ်။
2024-07-28
မြ၀တီမြို့မှာ သောင်ရင်းမြစ် ရေကြီးရေလျှံမှုကြောင့် ကလေးတစ်ဦး အပါအဝင် မြို့ခံသုံးဦး ရေနစ်သေဆုံးခဲ့ပါတယ်။
2024-07-28
မိုးကုတ် အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မိုးကုတ်ဗျူဟာက ထုတ်ပြန်ပါတယ်။
2024-07-27
သောင်ရင်းမြစ်ရေတက်နေပြီး မြစ်ဘေးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲက လေးခု ရေနစ်မြှုပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
2024-07-27
လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ရဲ့ (၉၁၂) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ခလရ (၄၁) တပ်ရင်းနဲ့ ဟိုပိတ်တိုးဂိတ်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
2024-07-27
မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့နည်းနဲ့ အဖြေရှာနိုင်ရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်သုံးသပ်သွားမယ်လို့ အာဆီယံက ထုတ်ပြန်ပါတယ်။
2024-07-27
အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး တင်းမာမှုတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ အာဆီယံထိပ်တန်းခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
2024-07-27
အာဆီယံအနေနဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဆောင်ရွက်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။
2024-07-27
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ ကျေးရွာပေါင်း ၂၄ ရွာ ရေကြီးနစ်မြုပ်နေပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
2024-07-27
ဒီဒုက္ခသည်တွေဟာ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်တွေ စစ်ကောင်စီနဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတာလို့လည်း ဆိုပါတယ်။
2024-07-27
သပိတ်ကျင်းမြို့နယ် တကောင်းတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲကင်းကို သိမ်းယူခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-07-27
မြန်မာနိုင်ငံအောက်ပိုင်း တိုင်းနဲ့ပြည်နယ်လေးခုမှာရှိတဲ့ မြို့ပေါင်း ၁၂ မြို့မှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီး ရေဘေးကြုံတွေ့နေရတယ်လို့ စစ်ကောင်စီရဲ့ မိုး/ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။