သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-25
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာအုပ်စုက ဒေသခံတွေ စက်လှေမှောက်ပြီး ပျောက်ဆုံးနေသူ ၃၀ ကျော်ထဲက ဒီနေ့အထိ ၁၈ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထား ပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ က ပြောပါတယ်။
2019-07-25
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်စိုးဟာ ပါတီဝင်အဖြစ်ကနေ မနေ့က နုတ်ထွက်လိုက်ပါတယ်။
2019-07-24
မြင်းခြံအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသား John Todoroki ဂျွန်တိုဒိုရိုကီကို လက်ရှိတရားစွဲထားတဲ့အမှုကနေ မြင်းခြံခရိုင်တရားရုံးက မနေ့က အာမခံပေးခဲ့ပေမယ့် လူဝင်မှုကြီးကြပ်ရေးဥပဒေအပါအဝင် နောက်ထပ်ဥပဒေ နှစ်ခုနဲ့ မြို့နယ်တရားရုံးက ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2019-07-24
တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရပြီး ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ စစ်မှုထမ်းဟောင်းတွေ အပြင်မှာဘယ်လို အခက်အခဲတွေနဲ့ ရုန်းကန်နေရပါသလဲ ....။
2019-07-24
မကွေးတိုင်း ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာအုပ်စု ဒေသခံတွေရဲ့ စက်လှေ နစ်မြုပ်ပြီး ၁၀ ဦး သေဆုံးကာ လူ ၃ဝ ကျော် ပျောက်ဆုံးနေပါတယ်။
2019-07-24
YBS ယာဉ်လိုင်းတွေမှာ ငွေသားထည့်စီးတဲ့ စနစ်အပြင် ကြိုတင်ငွေဖြည့်ကတ်နဲ့ စီးနင်းနိုင်တဲ့ စနစ်ဖြစ်အောင် အစိုးရအဖွဲ့အနေနဲ့ ကြိုးစားနေပါတယ်။
2019-07-24
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ၇၈ ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၂၅ ဦး ဆွေးနွေးကြမယ်လို့ သိရပါတယ်။
2019-07-24
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်က စစ်ဘေးဒုက္ခသည်စခန်းမှာ နာမကျန်းသူတွေများနေပြီး ဆေးဝါး အရေးပေါ်လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2019-07-24
မန္တလေးတက္ကသိုလ် ဘောလုံးကွင်းကို ပုဂ္ဂလိက ကုမ္ပဏီတခုထံ ဌားရမ်းလုပ်ကိုင်ခွင့်ပြုမယ့်ကိစ္စကို မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကန့်ကွက်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-07-24
Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် တရားလိုဖြစ်တဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကို ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2019-07-24
မကွေးတိုင်း ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာအုပ်စုက ဒေသခံ စက်လှေတစ်စီး မနေ့ညနေက နစ်မြုပ်ပြီး ၁၀ ဦး သေဆုံးကာ လူ ၃၀ ကျော် ပျောက်ဆုံးနေပါတယ်။
2019-07-24
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးစင်တာတို့ ပူးပေါင်းပြီး ပြိုကွဲလွယ်သောချိနဲ့ အခြေအနေမှ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသို့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2019-07-24
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၂၅ ဦး ဆွေးနွေးဖို့ အမည်စာရင်း ပေးသွင်းထားပါတယ်။
2019-07-24
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်မှာ Cannabis အနွယ်ဝင် လျှော်ပင်တွေ စိုက်ပျိုးခဲ့တယ်ဆိုပြီး မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား John Todoroki ဂျွန်တိုဒိုရိုကီကို ကျန်းမာရေး အာမခံပေးဖို့ မြင်းခြံခရိုင်တရားရုံးက ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။
2019-07-24
Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်း ဖက်ခံရတဲ့ အမှုအတွက် Wisdom Hill မူကြိုကျောင်းက ဆရာမ နှင်းနုကိုပါ တရားခံအဖြစ် စစ်ဆေးပေးဖို့နဲ့ အမှုဖြစ်ပွားခဲ့တဲ့ အဲဒီကျောင်းကိုပါ တရားသူကြီးတွေ သွားရောက်စစ်ဆေးပေးဖို့ တရားလိုဖြစ်တဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက ဒီနေ့ လျှောက်ထားခဲ့ပါတယ်။