သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-27
ကျောက်မဲနဲ့ နောင်ချိုမြို့က နေရာအများစုကို TNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေအနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-27
စစ်ကောင်စီပူးပေါင်းအဖွဲ့က WFP ရိက္ခာသိုလှောင်ရုံကို ဇွန် ၂၁ မှာ ဖောက်ထွင်းလုယက်ပြီး အဆောက်အအုံကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ (AA) က ဇွန် ၂၅ ရက်မှာ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ပါတယ်။
2024-06-27
မတ္တရာမြို့နယ် အင်ကြင်းမြိုင်ရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တာကြောင့် ကျေးရွာဆယ်ရွာကျော်က ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
2024-06-26
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဘဏ် ၁၆ ခုဟာ စစ်ကောင်စီ လက်နက်ဝယ်ယူရေးအတွက် ငွေအလွှဲအပြောင်းလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2024-06-26
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့မညီဘဲ အမျိုးသမီးတွေအပေါ် ကျူးလွန်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုတာလို့ HURFOM ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။
2024-06-26
နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့နယ်တွေက စစ်ကောင်စီရဲ့ စခန်းတွေကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
2024-06-26
နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာဆက်သင်နိုင်ဖို့၊ လုပ်ငန်းခွင်တွေဝင်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
2024-06-26
ကျောက်မဲမြို့ မှာ မနေ့ကစလို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ စကခ(၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ချခဲ့တဲ့ရုပ်သံဗီဒီယိုကို (TNLA) က ဇွန်လ ၂၆ ရက် ဒီနေ့ ညနေက သတင်းထုတ်ပြန်ပါတယ်။
2024-06-26
ရခိုင်ပြည်နယ်မှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြား ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ပိုဆိုးလာတဲ့အပေါ် အရေးယူပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) အဖွဲ့က နိုင်ငံတကာကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2024-06-26
ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က သံဃာတော်တွေ စတင်လိုက်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှုဟာ တခြားမြို့နယ်တွေကိုလည်း ကူးစက်လာပါတယ်။
2024-06-26
နောင်ချိုနဲ့ ကျောက်မဲမြို့တွေမှာ မနေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ဒီနေ့မှာလည်း ဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးအဖွဲ့တွေက မြို့အတွင်းပိုင်းတွေအထိ ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-26
စစ်ကောင်စီဟာ တစ်နှစ်အတွင်း စစ်လက်နက်ပစ္စည်းအပါအဝင် နည်းပညာတွေ၊ ကုန်ထုတ်စက်ကိရိယာတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာ ၂၅၃ သန်းဖိုး တင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံ လျော့သွားတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ဒီနေ့ ပြောလိုက်ပါတယ်။
2024-06-26
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့ပေါ်မှာ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-26
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ဆတ်သေရွာက လူငယ်ခြောက်ဦး ဘောလုံးကစားပြီး ပြန်လာတဲ့လမ်းမှာ မြေမြှုပ်မိုင်းနင်းမိလို့ နှစ်ဦးပွဲချင်းပြီးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
2024-06-26
စစ်မှုထမ်းဖို့ အမျိုးသမီးတွေ စာရင်းကောက်ယူတာမရှိသေးဘူးလို့ စစ်ကောင်စီဘက်က ငြင်းဆိုထားပေမဲ့ ဧရာဝတီနဲ့ တနင်္သာရီတိုင်းအတွင်းမှာတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်း စတင်ကောက်ယူဖို့ ပြင်ဆင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။