စစ်ကောင်စီလက်နက်ရရှိဖို့ ပြည်ပဘဏ်တွေဆောင်ရွက်ပေးနေ

RFA Burmese
2024.06.26
စစ်ကောင်စီလက်နက်ရရှိဖို့ ပြည်ပဘဏ်တွေဆောင်ရွက်ပေးနေ ဝ၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် မြန်မာ့အရေးသတင်းစာရှင်းလင်းပွဲတက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး (Tom Andrews)။
Photo: UN Web TV

စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေရရှိဖို့ နိုင်ငံခြားဘဏ်တွေက ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဇွန် ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ခုနှစ်နိုင်ငံက ဘဏ် ၁၆ ဘဏ်ဟာ စစ်ကောင်စီ လက်နက်ဝယ်ယူရေးအတွက် ငွေအလွှဲအပြောင်းလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီကို အထီးကျန်ဖြစ်အောင် နိုင်ငံတကာက ကြိုးပမ်းပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ စစ်ကောင်စီဟာ ဒီလိုနည်းနဲ့ ဘဏ္ဍာငွေရော လက်နက်တွေပါ ရရှိနေတယ်လို့လည်း ထောက်ပြပါတယ်။

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ ထိုင်းကနေ စစ်ကောင်စီဆီ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတင်ပို့တဲ့ ပမာဏက နှစ်ဆတိုးလာပြီး ဒေါ်လာ သန်း ၁၂၀ ဖိုးရှိတယ်လို့ ဆိုပါတယ်။

စင်ကာပူအခြေစိုက်လုပ်ငန်းတွေကို သူ့အစိုးရက ကန့်သတ်တဲ့အတွက် အဲဒီနေရာမှာ ထိုင်းလုပ်ငန်းတွေက အစားထိုးဝင်ရောက်လာတယ်လို့ အစီရင်ခံမှာ ဖော်ပြပါတယ်။

စစ်ကောင်စီလက်အောက်ခံဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့ နိုင်ငံတကာ ဘဏ်တွေအနေနဲ့ ဒီလုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့လည်း Tom Andrews က တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။