သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-21
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု လက်ခံပွဲအပါအဝင် ဥရောပခရီးစဉ်ကို နိုင်ငံပိုင် သတင်း မီဒီယာတွေက လုံး၀ မဖော်ပြခဲ့ပါဘူး။ အဲဒီလို မဖော်ပြတဲ့အကြောင်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေး ခရီးစဉ် သက်သက် ဖြစ်နေတဲ့ အတွက်ကြောင့် ထုတ်လွှင့် ဖော်ပြမှု မရှိ တာဖြစ်ကြောင်း အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန အမှုဆောင် ညွန်ကြားရေးမှုးချုပ် ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။
2012-06-21
နိုင်ငံတကာ ခေါင်းဆောင်တချို့ကိုသာ ဂုဏ်ပြုတဲ့အနေနဲ့ အခွင့်အရေး ပေးလေ့ရှိတဲ့ ဗြိတိန်ပါလီမန် နှစ်ရပ်စလုံးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ ညပိုင်းမှာ မိန့်ခွန်း ပြောကြားပါတယ်။
2012-06-21
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာနဲ့ အနောက်ပြင်ကျေးရွာ အချင်းများပြီး လူသတ်မှု ဖြစ်ပွားရတဲ့ကိစ္စနဲ့ အနောက်ပြင်ရွာသား ၆၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်တွေမြို့ကို ပို့လိုက်တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
2012-06-21
ပြီးခဲ့တဲ့ အပတ်တွင်းက စပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ စုစုပေါင်း ၆၂ ဦး ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2012-06-20
ဇွန်လ (၂၂) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံ မြန်မာ အသိုင်းအဝိုင်း တွေ့ဆုံမယ့် အခမ်းအနားအတွက် ဦးဆောင်ကြိုးပမ်းနေသူ တစ်ဦးဖြစ်တဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းတိုက်က အရှင် ဦးဥတ္တရကို RFA အဖွဲ့သား ဦးခင်မောင်စိုးက လျှောက်ထား မေးမြန်းခဲ့ပါတယ်။
2012-06-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့(၆၇) နှစ်မြောက် မွေးနေ့မှာ မုံရွာမြို့နယ် NLD အဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုပါဝင်ပြီး သလ္လာရပ်ကွက် မှာ ပြည်သူ့ စေတနာ အခမဲ့ဆေးခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါ တယ်။
2012-06-20
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့က Oxford တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ပါရဂူ ဒေါက်တာဘွဲ့ကို လက်ခံခဲ့ပါတယ်။
2012-06-20
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ ကမ္ဘာကျော် Oxford တက္ကသိုလ်ကြီးက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဒီကနေ့ လက်ခံရယူ လိုက်ပြီ ဖြစ်ပါတယ်။
2012-06-20
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း စက်မှုဇုန် (၁) ရှိ ဖောင်းဆိုင် အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်ပိုင် နေတံဆိပ်ဓာတ်ခဲ စက်ရုံက အလုပ်သမား (၁၄၀) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက အခြေခံလုပ်ခလစာ တိုးပေးဖို့အပါအဝင် အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြခဲ့ကြရာ မှာ အလုပ်ရှင်က လိုက်လျောပေးလိုက်တယ်လို့ သိရပါတယ်။
2012-06-20
ဒီကနေ့ကျရောက်တဲ့ (၆၁) နှစ်မြောက် ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အနေနဲ့ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင် အတွင်းမှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် (၁၀၀) ကျော်က စခန်းတွင်းမှာ မရေရာမသေချာဖြစ်နေတဲ့ မိမိတို့နဲ့ မိမိတို့ရင်သွေး ခလေးငယ်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့ ထိုင်းအစိုးရနဲ့ UNHCR တို့ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
2012-06-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စံကားတောင်ရွာ မီးရှို့မှုနဲ့ ပတ်သက်ပြီးတော့ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ နဂရာကျေးရွာသား ၁၀ ဦးကို ထောင်ဝန်ထမ်းတွေက မိသားစုတွေနဲ့ တွေ့ဆုံခွင့် မပေးကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေရဲ့ မိသားစုဝင် တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက RFA ကိုပြောပါတယ်။
2012-06-20
SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်တွေ ဒီနေ့မနက် စောစောက မိုင်းရှုးမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အစိုးရတပ်က ရှမ်းတပ်စခန်းကို တိုက်ခိုက်တာလို့ သိရပါတယ်။
2012-06-20
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မနေ့မနက်ပိုင်းက ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အနည်းဆုံးလူ ၅ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ် လို့ ပြည်နယ် အစိုးရအဖွဲ့ရုံး ပြန်ကြားရေးဌာနက ပြောပါတယ်။
2012-06-19
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန် စီးပွားရေးကျောင်းမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီးတဲ့နောက် လန်ဒန်မြို့ က မြန်မာအသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2012-06-19
ထိုင်း မြန်မာနယ်စပ်မှာ UWSA ဝပြည်သူ့တပ်မတော်နဲ့ SSA ရှမ်းပြည်တပ်မတော်တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖြစ်ပွားလာရင် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင် လာကြဖွယ် ရှိနေတဲ့ အနေအထားနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့်ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။