ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မုံရွာမှာ အခမဲ့ဆေးခန်း ဖွင့်လှစ်
2012.06.20
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကုသိုလ်အဖြစ် NLD အဖွဲ့ဝင်တွေက အရုဏ်ဆွမ်း လောင်းလှူပြီး နေ့လည်ပိုင်းမှာ ပြည်သူ့စေတနာ အခမဲ့ ဆေးခန်းကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဆေးခန်းကို ကဗျာရွတ်ပွဲနဲ့ ဖွင့်လှစ်ခဲ့ရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ဆိုတဲ့ ကဗျာကို ကိုနေငယ် (မုံရွာ) က ရွတ်ဆိုပြီး ၆၇ နှစ်သော ခရီးရှည် ကဗျာကို ကဗျာဆရာ အောင်နေမျိုးက ရွတ်ဆိုခဲ့ပါတယ်။
ဆေးခန်းဖွင့်ပွဲကို ဧည့်ပရိတ်သတ် (၁၀၀) ကျော် တက်ရောက်ခဲ့ ကြပါတယ်။ ပြည်သူ့စေတနာ ဆေးခန်းကို ဆရာဝန် (၁၇) ဦးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ စတင်နေပြီလို့ သိရပါတယ်။