ဒေါ်အောင်ဆန်းစုကြည် Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရယူ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ ကမ္ဘာကျော် Oxford တက္ကသိုလ်ကြီးက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဒီကနေ့ လက်ခံရယူ လိုက်ပြီ ဖြစ်ပါတယ်။

2012.06.20
၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်က ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်သည့်အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
Courtesy of www.ox.ac.uk

အဲဒီဘွဲ့နှင်းသဘင် အခမ်းအနားကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို  Oxford တက္ကသိုလ်ဝင်းတလျှောက် စုရုံးရောက်ရှိနေ ကြတဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား မိသားစုတွေ က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို ဗြိတိန်နိုင်ငံသားတွေ ကလည်း လက်ခုပ်သြဘာ တီးပြီး ဂုဏ်ပြု ချီးကျူးခဲ့ကြပါတယ်။

အဲဒီမြင်ကွင်းတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မအေးနှင်းညိုကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။