ရှစ်လေးလုံးအထိမ်းအမှတ် လန်ဒန်ရောက်မြန်မာတွေ ဆန္ဒပြ

RFA Burmese
2023.08.06
ရှစ်လေးလုံးအထိမ်းအမှတ် လန်ဒန်ရောက်မြန်မာတွေ ဆန္ဒပြ ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည့် လန်ဒန်ရောက်မြန်မာများ။
NUG representatives (UK)

ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရောက် မြန်မာတွေ ဩဂုတ်လ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နေအိမ်ရှေ့နဲ့၊ လွှတ်တော်အဆောက်အဦရှေ့ လမ်းလျှောက်ချီတက်ပြီး အာဏာသိမ်းစစ်ကောင်စီအပေါ် ပိုတိုးဖိအားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေ၊ ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေ၊ တိုင်းရင်းသားပေါင်းစုံ မျိုးဆက်သစ်လူငယ်တွေ လူအယောက် ၄၀၀ လောက် ဆန္ဒပြပွဲမှာပါပါတယ်။

လန်ဒန်မှာနေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်အဲရစ်လည်း ဆန္ဒပြပွဲမှာ ပါဝင်ပါတယ်။

london-5.jpg
ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်။ (Photo: NUG Representative - UK)

ဆန္ဒပြပြီးနောက် ၂၆ မိုင် (အချိန် ၇ နာရီကျော်ကြာ) ခြေလျင်လမ်းလျှောက်ပြီး မြန်မာပြည်အတွက် ရန်ပုံငွေရှာတဲ့ လှုပ်ရှားမှုလည်း လုပ်ခဲ့ကြပါတယ်။

အဲဒီ ရန်ပုံငွေရှာတဲ့ ခြေလျင်လမ်းလျှောက်ပွဲကနေ စတာလင်ပေါင် လေးသောင်းကျော် ရန်ပုံငွေရခဲ့တယ်လို့ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကိုက RFA ကို ပြောပါတယ်။

အဲဒီငွေတွေကို မြန်မာပြည်တွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် NUG အစိုးရလူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေကနေတဆင့် ပေးပို့လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။