သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-26
ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ဒေသခံတွေဟာ တိုက်ပွဲတွေကြား ပုန်းရှောင်ထွက်ပြေးရင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဗုံးခိုကျင်းတွေ တူးနေရပါတယ်။
2023-03-26
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေတောင် လုံလောက်အောင် မရှိတော့သလောက်နီးနီး ဖြစ်နေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကုသဖို့အရေးမှာ အခက်အခဲ ပိုဖြစ်ရပါတယ်။
2023-03-26
စနေနေ့ကတည်းက မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ခလရ ၂၇၅ တပ် ၊ ကော့ကရိတ် အာရှလမ်း၊ ကျုံဒိုးရဲစခန်းနဲ့ မြို့ပြင်မှာ တိုက်ပွဲဖြစ်နေတာပါ။
2023-03-26
ဆုံကုန်းရွာမီးရှို့ခံရမှုမှာ နေအိမ်နဲ့ ဒေသခံ ခုနစ်ဦးရဲ့ အသက်တင်ဆုံးရှုံးတာမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်အများအပြားလည်း မီးလောင်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-03-26
ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာနဲ့ ဇီးတောရွာကြားမှာ မတ်လ ၂၅ ရက်က ခရီးသည်တင်ယာဉ်တစ်စီး မိုင်းနင်းမိခဲ့ပြီး ပေါက်ကွဲတာကြောင့် ယာဉ်ပေါ်ပါတဲ့ သံဃာတစ်ပါးနဲ့ လူငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
2023-03-26
ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
2023-03-25
ကရင်ပြည်နယ် ကျုံဒိုးမြို့မှာ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-25
ကိုယ်တိုင်လုပ် ဒရုန်းလေယာဉ်ငယ်ထဲမှာ အင်အားပြင်းဗုံး နှစ်လုံးထည့်ပြီး ကုမ္ပဏီဝန်းထဲကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့တာဝန်ခံ ကိုဖိုးဇေက RFA ကိုပြောပါတယ်။
2023-03-25
မြန်မာစစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင်တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် သူတို့ဘက်ကို ရောက်မလာအောင် " ၂၄ နာရီ ခုနစ်ရက်ပတ်လုံး" လုံခြုံရေးတိုးထားတယ်လို့ မဏိပူပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
2023-03-25
ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
2023-03-25
မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် မတ်လ ၂၄ ရက်ကစလို့ ရွာခြောက်ရွာက အရပ်သားငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-03-25
ဒီးမော့ဆိုမြို့နယ်မှာ မတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
2023-03-25
မြဝတီမြို့ နေရာငါးခုမှာ မတ်လ ၂၅ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။
2023-03-25
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရကာ KNDF နဲ့ KA ပူးပေါင်းတပ်တွေဘက်က ငါးဦးသေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
2023-03-25
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတရားရုံးတွေကနေ မတ်လ ၂၃ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် လေးနှစ်ကနေ ၁၀ နှစ်အထိ အသီးသီးချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။