စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တွေ တိုက်ပွဲပြင်းထန်နေလို့ အိန္ဒိယက နယ်စပ်မှာ စစ်အင်အားတိုးချထား

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.03.25
စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တွေ တိုက်ပွဲပြင်းထန်နေလို့ အိန္ဒိယက နယ်စပ်မှာ စစ်အင်အားတိုးချထား အိန္ဒိယ-မြန်မာ နယ်စပ်၊ အိန္ဒိယဘက်ခြမ်းကို တွေ့ရစဉ်။
File Photo: AFP

အိန္ဒိယမြန်မာနယ်စပ် မဏိပူပြည်နယ်နား မြန်မာပြည်ဘက်ခြမ်းမှာ တိုက်ပွဲတွေ အရှိန်မြှင့်လာနေတာကြောင့် အိန္ဒိယအစိုးရဘက်က နယ်စပ်လုံခြုံရေးတပ်အင်အားတွေ တိုးချထားတယ်လို့ အိန္ဒိယအစိုးရပိုင်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင်တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် သူတို့ဘက်ကို ရောက်မလာအောင် " ၂၄ နာရီ ခုနစ်ရက်ပတ်လုံး" လုံခြုံရေးတိုးထားတယ်လို့ မဏိပူပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

မတ်လ ၂၅ ရက် ဒီကနေ့မှာလည်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)၊ ချင်းအမျိုးသားတပ်ဦး(CNA) ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ကြား ဟားခါး-ဖလမ်းလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

စစ်ကောင်စီကားလမ်းကြောင်းကို ချင်းလက်နက်ကိုင်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီဘက်ကတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ လက်နက်ကိုင်တပ်တွေဘက်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းတော်တော်များများဟာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါတယ်။ စစ်ကောင်စီဘက်ကိုလည်း ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့လောက်ကစပြီး စစ်ကောင်စီဟာ မကွေးဘက်ကနေတစ်ဆင့် ချင်းပြည်နယ်က မြို့နယ်တွေထဲ စစ်ကောင်စီယာဉ်တန်းတွေ တိုးဝင်လာနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။