သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-02-23
ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီဝန်ကြီး ဒေါက်တာကံဇော်တို့ လက်မှတ်ထိုးခဲ့တာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2025-02-23
လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ရာဝန်းကျင်ပါ ကားလေးစီးကို CDF - Asho တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
2025-02-23
ထိန်းသိမ်းထားသူတွေထဲက ၆၇၃ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
2025-02-23
မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဆယ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံးပြီး ငါးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2025-02-23
ပဲခူးတိုင်းက ပြည်အကျဥ်းထောင်မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ ထောင်အာဏာပိုင်တွေက ရိုက်နှက်တာကြောင့် နိုင်ငံရေးအကျဥ်းသား ငါးဦးဒဏ်ရာရခဲ့တယ်လို့ PPNM က ထုတ်ပြန်ပါတယ်။
2025-02-23
ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံငါးဦးကို ပစ်ခတ်သတ်ဖြတ်ကာ သုံးဆယ်ကျော်ကို ဖမ်းဆီးထားတယ်လို့ ကန့်ဘလူမြို့ခံတွေက ပြောပါတယ်။
2025-02-23
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာအထိ လေးလအတွင်း အရပ်သားငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ် ၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၆၈ ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
2025-02-23
“ဝ”တပ်ဖွဲ့ ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား တစ်ရာကျော် ဖမ်းဆီးရမိတယ်လို့ ဟိုပန်မြို့ခံတွေက ဒီနေ့ပြောပါတယ်။
2025-02-22
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပေါ်မှာ ရုရှားနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ရုရှားနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
2025-02-22
၂၀၂၃ ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားရာမှာတော့ စစ်တပ်နဲ့ဆိုင်တဲ့သူတွေကိုပဲ ထည့်သွင်းခဲ့ပါတယ်။
2025-02-22
မြန်မာအများစုအပါအဝင် အယောက် ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
2025-02-22
၂၀၂၃ ခုနှစ်မှာတော့ ဓနုလူမျိုးစုတွေအတွက် DPLF/DPLA လို့ခေါ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
2025-02-22
အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ အာဆီယံသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2025-02-22
ပြည်ပမှာရှိတဲ့ မြန်မာသံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီးတွေနဲ့ သံတမန် အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး နှစ်ယောက်တို့ကို အမည်ပျက်စာရင်း သွင်းလိုက်တာပါ။
2025-02-22
UNHCR နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ကနေ တစ်ဆင့် ဒုက္ခသည်စခန်းတွေမှာလိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးသွားမှာပါ။