သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-16
အဖမ်းခံနေရတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ရဲ့အမှုအတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်က အရာရှိကြီးများ အပါအဝင် ၈ ဦးကို တရားခံပြ သက်သေအဖြစ် ဒီကနေ့ တင်ပြတယ်လို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
2012-02-16
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ဝင်ပြိုင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-02-15
ရန်ကုန်မြို့မှာ မိုးပျံရထားနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်နိုင်မယ့် အခြေအနေကို အစိုးရက လေ့လာနေတယ်လို့ သိရပါတယ်။
2012-02-15
လာမယ့် သုံးလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီတဲ့ အဆင့်ကို ရောက်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
2012-02-15
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာတူးဂျားဟာ အခုအခါ မှတ်ပုံတင် ကျပြီဖြစ်တာကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2012-02-15
လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ သာဓုကျောင်းတိုက်က ထွက်ခွာမယ့် ရွှေညဝါ ဆရာတော် ဦးပညာသီဟဟာ ဒါယကာ ဒါယိကာမတွေကို နှုတ်ဆက်တဲ့အနေနဲ့ ဒီကနေ့ ကမာရွတ်မြို့နယ်အတွင်း ဆွမ်းခံကြွခဲ့ပါတယ်။
2012-02-15
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ စက်မှုဇုံ ၃ က တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေကို မူလပေးထားတဲ့ လစာကနေ တစ်နာရီကို ၂၅ ကျပ် တိုးပေးခဲ့တယ်လို့ ဒီကနေ့ အလုပ်ရှင်နဲ့ သွားရောက် ဆွေးနွေးတဲ့ အလုပ်သမားတွေက အာအက်ဖ်အေကို ပြောပါတယ်။
2012-02-15
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် မရမ်းကုန်းမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေကို ဒီကနေ့ မနက်က ပါတီစည်းရုံးရေးခရီး ထွက်ခဲ့ပြီး အန်အယ်လ်ဒီပါတီ အနိုင်ရခဲ့ရင် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ အလုပ်အကိုင် အမြန်ရရှိနိုင်ရေးတွေ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ မရမ်းကုန်းမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြောင်း သိရပါတယ်။
2012-02-14
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုဟာ မြန်မာအတွက်ရော အာဆီယံအတွက်ပါ အကျိုးမရှိတဲ့အတွက် ရုပ်သိမ်းပေးဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှမ်မူဂမ်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2012-02-14
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မတရားမှုတွေ မသမာမှုတွေ တွေ့ရှိရလို့ အချက်အလက် တိတိကျကျ ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာရင် အရေးယူပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို မနေ့က ပြောကြားလိုက်ပါတယ်။
2012-02-14
တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-02-14
၁၉၉၂ ခု ဖေဖော်ရီ ၁၂ ရက်က ကချင်ပြည်နယ် ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုးရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
2012-02-14
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာ Dirk Niebel တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2012-02-14
ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်းက ဒီကနေ့ စောစောပိုင်းမှာ စာထုတ်ပြန် တားမြစ်ခဲ့ပေမယ့် မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက် လှည်းကူးမြို့အားကစားကွင်း လူထု ဟောပြောပွဲမှာ မူလ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။
2012-02-13
ဥရောပ သမဂ္ဂနိုင်ငံများအဖွဲ့ အီးယူအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေအပေါ် မြန်မြန်ထက်ထက် တုံ့ပြန်သင့်တယ်လို့ မြန်မာနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အီးယူ ကော်မရှင်နာမင်းကြီး မစ္စတာ Andris Piebalgs က ပြောလိုက်ပါတယ်။