မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုဟာ မြန်မာအတွက်ရော အာဆီယံအတွက်ပါ အကျိုးမရှိတဲ့အတွက် ရုပ်သိမ်းပေးဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှမ်မူဂမ်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2012.02.14
thein-sein-singapore-b305 သမ္မတ ဦးသိန်းစိန် (ယာ) နှင့် စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး (ဝဲ)တို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေစဉ်။
AFP PHOTO/ROSLAN RAHMAN

မနေ့က ကျင်းပတဲ့ စင်္ကာပူလွှတ်တော်မှာ မြန်မာနဲ့စင်္ကာပူ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေ တင်ပြဆွေးနွေးရင်း မစ္စတာ ရှမ်မူဂမ်းက တောင်းဆိုသွားတာပါ။

မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင် မြန်မာရော စင်္ကာပူပါ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိနိုင်တာကြောင့် အမေရိကန်လွှတ်တော်အမတ် တော်တော်များများကို ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ဆွေးနွေးထားကြောင်း ပြောပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ်ရောက်လို့ အီးယူပုံစံ အာဆီယံ လူ့အဖွဲ့အစည်း တည်ထောင်ရေးကိစ္စတွေ ဆွေးနွေးတဲ့အခါ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်ရှိနေမယ်ဆိုရင် အာဆီယံအတွက် အကျိုးရှိမှာမဟုတ်ဘူးလို့ မစ္စတာ ရှမ်မူဂမ်းက ပြောပါ တယ်။

တစ်ပြိုင်နက်တည်းမှာပဲ မစ္စတာရှမ်မူဂမ်းက မြန်မာအနေနဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမယ်ဆိုတာ လက်ရှိတိုးတက်မှုတွေအတွက် အခွင့်အလမ်းကောင်း ဖြစ်သလို မြန်မာအတွက်ရော အာဆီယံ အကျိုးစီးပွား အတွက်ပါ အကာအကွယ် ပေးရလိမ့်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဥက္ကဋ္ဌ တာဝန်ရှိသူအနေနဲ့ အာဆီယံ မိတ်ဆွေနိုင်ငံတွေရဲ့ ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းရမယ့်အပြင် ၂၀၁၅ အာဆီယံ လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို ရှေးရှုတဲ့ ဆောင်ရွက်ချက်တွေ လုပ်ကိုင်သွားမှာဖြစ်လို့ ကမ္ဘာက စောင့်ကြည့်နေမယ်ဆိုတာ သတိပြုသင့်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှမ်မူဂမ်းက ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-14 14:38

No wonder!!! For their interests like their S'porean companies,but not for Burmese public, for sure!!