သံဃာတော် အပါးခုနစ်ရာခန့်နဲ့ လူပုဂ္ဂိုလ် တစ်ထောင်ခန့်က ရွှေညဝါဆရာတော် ဆွမ်းခံကြွရာမှာ လိုက်ပါလာကြတယ်လို့ သိရပါတယ်။ ဆွမ်းခံကြွရာက ရရှိတဲ့ ဝတ္ထုပစ္စည်းတွေနဲ့ ဆွမ်းထမင်းဟင်းတွေကို လှိုင်သာယာ မီးဘေးဒုက္ခသည်တွေထံ ရွှေညဝါ ဆရာတော်ကိုယ်တိုင် ဒီကနေ့ပဲ ကြွရောက်ပြီး ဝေငှလှုဒါန်းခဲ့တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က ရွှေညဝါ ဆရာတော်ကို မနှစ် ဖေဖော်ဝါရီလကစပြီး တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခဲ့ပါတယ်။ တရားဟောခွင့် ပိတ်ပင်ထားတဲ့ကာလ ပြည့်မြောက်သွားပြီ ဖြစ်ပေမယ့် နောက်ထပ်တစ်နှစ် တရားဟောပြောခွင့် ထပ်မံ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဆရာတော်နဲ့ ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။