ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး တွေ့
2012.02.14

AFP
ဂျာမန် ဝန်ကြီး မစ္စတာ Niebel က ကြားဖြတ် ရွေးကောက်ပွဲအပေါ် အီးယူနိုင်ငံတွေရဲ့မူဝါဒနဲ့ ပတ်သက်ပြီး မိမိဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အထူး အရေးကြီးကြောင်း ယုံကြည်ပါတယ်လို့ သတင်းထောက်တွေကို Mr. Niebel က ပြောသွားခဲ့ပါတယ်။
အီးယူက ပိတ်ဆို့အရေးယူထားမှုနဲ့ ပတ်သက်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အီးယူအဖွဲ့က စဉ်းစားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာနဲ့ဲ ဖြေကြားသွားပါတယ်။
လက်ရှိမှာတော့ အီးယူက အရင်စစ်အစိုးရ လက်ထက်က ချမှတ်ခဲ့တဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေကို လျှော့ချပေးခဲ့ပါတယ်။ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး မစ္စတာ Dirk Niebel အပါအဝင် အီးယူအဖွဲ့ ကိုယ်စားလှယ်တွေဟာ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေအတွက် လာမယ့် ၂ နှစ်အတွင်း အီးယူက အမေရိကန် ဒေါ်လာ သန်း ၂၀၀ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။