လှည်းကူးပြည်သူ ထောင်ပေါင်းများစွာ ဒေါ်စုကို ကြိုဆို
2012.02.15

NLD Facebook
မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားနားက အန်အယ်လ်ဒီ ရုံးခန်းဖွင့်ပွဲမှာ အခုလို ဟောပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မင်္ဂလာဒုံ ထောက်ကြံ့ လမ်းဆုံမှာလည်း ဒေသခံတွေကို နှုတ်ဆက်စကား ပြောကြားပါတယ်။
အဲဒီကတစ်ဆင့် လှည်းကူးမြို့နယ်ကို ဆက်လက် ထွက်ခဲ့ရာမှာ လှည်းကူးဒေသခံ ပြည်သူထောင်ပေါင်းများစွာက ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
လှည်ကူးမြို့နယ်ဟာ တပ်မတော် အမာခံနယ်မြေ ဖြစ်တယ်ဆိုပေမယ့် ပြည်သူ့အားကစားကွင်းမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်တရားပွဲကို မြို့လုံးကျွတ်နီးပါး တက်ရောက်တာ တွေ့ရတယ်လို့ လှည်းကူးမြို့နယ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒီအတောအတွင်း ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြည်သူ့ အားကစားကွင်းနဲ့ ဖျာပုံ အန်အယ်လ်ဒီရုံးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားဖို့ သတ်မှတ် စီစဉ်ခဲ့ပေမယ့် ဖျာပုံမြို့ပြည်သူ့ အားကစားကွင်းကို ပြည်ထောင်စု အားကစားဝန်ကြီးက အသုံးပြုခွင့် မပေးကြောင်း သိရပါတယ်။
အခုလို ခွင့်ပြုချက် မရတဲ့အတွက် ပုဂ္ဂလိကပိုင် အားကစားကွင်း တစ်ခုမှာ ကျင်းပဖို့ ငှားရမ်းထားကြောင်း သိရပါတယ်။
လှည်းကူးမြို့က ဒေါ်အောင်ဆန်းစုကြည်တရားပွဲနဲ့ပတ်သက်ပြီး ကိုဖြိုးမင်းသိန်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |