ဆန္ဒပြ အလုပ်သမားများ တနာရီလုပ်ခ ၂၅ ကျပ် တိုးရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ စက်မှုဇုံ ၃ က တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေကို မူလပေးထားတဲ့ လစာကနေ တစ်နာရီကို ၂၅ ကျပ် တိုးပေးခဲ့တယ်လို့ ဒီကနေ့ အလုပ်ရှင်နဲ့ သွားရောက် ဆွေးနွေးတဲ့ အလုပ်သမားတွေက အာအက်ဖ်အေကို ပြောပါတယ်။

2012.02.15
tai-yi-workers-strike-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လှိုင်သာယာ စက်မှုဇုံ ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံ၌ အလုပ်သမားများ ဆန္ဒပြနေစဉ်
RFA

ဒီကနေ့ မနက်ပိုင်းကစပြီး စက်ရုံအတွင်း ပိုင်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ် ၃၈ ဦးတို့ ၃ နာရီခန့်ကြာ ဆွေးနွေးပြီးတဲ့နောက် အလုပ်ရှင်က မူလ လုပ်အားခ တစ်နာရီ ၇၅ ကျပ်ကို ၂၅ ကျပ် တိုးပေးခဲ့တာပါ။ အစည်းအဝေး မပြီးသေးကြောင်း၊ အလုပ်သမား ကိုယ်စားလှယ်တွေက လက်မှတ်ထိုး မပေးသေးကြောင်း သွားရောက်ဆွေးနွေးတဲ့ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင် ဆွေးနွေးနေစဉ် ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ စက်ရုံဝင်းအတွင်း ထိုင်စောင့်နေပါတယ်။ ဒါပေမယ့် ညှိနှိုင်းပွဲပြီးချိန် မွန်းလွဲ ၂ နာရီမှာ စောင့်နေတဲ့ အလုပ်သမားတွေ တစ်ဝက်လောက်ပဲ ကျန်တာမို့ အလုပ်သမား ကိုယ်စားလှယ်တွေက မနက်ဖြန် မနက်ပိုင်းမှာ အလုပ်သမားတွေကို ဒီကနေ့ ဆွေးနွေးပွဲ အခြေအနေကို ချပြမှာဖြစ်ပါတယ်။ အခုလို တစ်နာရီ လုပ်အားခ ၂၅ ကျပ် တိုးပေးပေမယ့် တစ်လ အလုပ်ဆင်းရက် ၂၆ ရက်အနက် အလုပ်မဆင်းရတဲ့ နေ့တွေမှာ ဆုကြေး ရက်မှန်ကြေးတွေကို အလုပ်ရှင်ဘက်က ဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အလုပ်ရှင် တရုတ်လူမျိုးကိုယ်တိုင် စကားပြန်နဲ့ ပါဝင်ဆွေးနွေးပြီး မြို့နယ် အလုပ်သမား ကြီးကြပ်ရေး ကော်မတီက အရာရှိနှစ်ဦးလည်း လာရောက်တယ်လို့ သိရပါတယ်။ အလုပ်သမားတွေဘက်က ကိုယ်စားလှယ် ၃၈ ဦး အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။ အလုပ်သမား ကိုယ်စားလှယ်တွေရဲ့အဆိုအရ အလုပ်ရှင်ဘက်က လစာတိုးပေးတာနဲ့ ပတ်သက်ပြီး အလုပ်သမား အများစုက လက်ခံမယ်ဆိုရင် ဆန္ဒပြပွဲကို မနက်ဖြန် ရုပ်သိမ်းမှာဖြစ်ပြီး သဘောမတူရင် ဆက်ပြီး ဆန္ဒပြမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-20 13:37

I think Tyee factory owner have no money to raise wages Myanmar kyat 150 per hour. So Myanmar workers quit this job and move to another factory who pay good wages. Myanmar government should issue the law for foreign companies and Myanmar companies about minimum wages myanmar Kyat 300 per hour.

Anonymous
2012-02-15 15:44

ခေါ င်းပုံဖြတ်ကောင်းတုန်းပါလား ။။ ကြည့် ၇တာ တရုတ်ပိုင် စက်ရုံဖြစ်မယ်။ နိင်ငံတော်က သတ်မှတ်ထားတာတောင် အနိမ့်ဆုံးလုပ်ခ 1100 (တစ်ထောင်တစ်ရာ ကျပ်)လေ အပြင်က လုပ်ခက ပိုမြင့်ရမှာ ပေါ့
အလုပ်သမားဥပဒေ အ၇ လက်၇ှိ နိုင်ငံ ရေးအ၇ ပိတ်ပစ်သင့်တယ် နစ်နာကြေး
တွေ ပြန်လျော် ခိုင်းသင့်တယ်။