လှည်းကူး အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ်

ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်းက ဒီကနေ့ စောစောပိုင်းမှာ စာထုတ်ပြန် တားမြစ်ခဲ့ပေမယ့် မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက် လှည်းကူးမြို့အားကစားကွင်း လူထု ဟောပြောပွဲမှာ မူလ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။

2012.02.14
assk-mingala-taung-nyunt-office-b305 ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်။
RFA

အားကစား ဝန်ကြီးအနေနဲ့ အခုလို ဝင်ရောက် ဆောင်ရွက်ခွင့် မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားခဲ့တာကြောင့် အခုလို ဟောပြောခွင့် ရခဲ့တာပါ။

လှည်းကူးမြို့အားကစားကွင်းမှာ လူထု ဟောပြောပွဲ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ရဲ့ ခွင့်ပြုချက် ရယူပြီးဖြစ်သလို မြို့နယ် အားကာဦးစီးဌာနရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အားကစားဝန်ကြီးရဲ့ တားမြစ်စာကို ဒီကနေ့ မွန်းလွဲပိုင်းမှာ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးက ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဖြိုးမင်းသိန်းကို ခေါ်ယူ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တားမြစ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ဦးဟံသာမြင့်တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်လက် တင်ပြခဲ့ရာမှာ အခုလို မူလအတိုင်း ဆောင်ရွက်ခွင့် ရခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းက အာအက်ဖ်အေကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လှည်းကူးမြို့ အန်အယ်လ်ဒီ ပါတီရုံးမှာ ဒီကနေ့ ညနေငါးနာရီက ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် လူထုဟောပြောပွဲကို မူလ အစီအစဉ်အတိုင်း ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီမှာပြုလုပ်မယ်လို့ ဦးဖြိုးမင်းသိန်းက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။