သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-26
အကျဉ်းထောင်တွေကို လည်ပတ်ကြည့်ရှုခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ ICRC တာဝန်ရှိသူတွေက ပြောပါတယ်။
2023-10-26
အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ စုပေါင်းရုံးအနီးမှာ အောက်တိုဘာလ ၂၅ ရက် မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
2023-10-25
မြန်မာစစ်တပ်ဟာ တရားဝင်ဖြစ်မှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့အပြင် ဘက်ပေါင်းစုံမှာ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်နေရတာဖြစ်တဲ့အတွက် အနိုင်ရမှာမဟုတ်ဘူးလို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
2023-10-25
အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ လေးစားသမှု ဒို့ရှေးရှု၊ အသံစုံပါမှုဂရုပြု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအလိုက် ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကို တောင်းဆိုတဲ့ ဆုတောင်းပွဲတွေ ဟောပြောဆွေးနွေးပွဲတွေကို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူမှုအဖွဲ့အစည်းတွေက ဦးဆောင် ပြုလုပ်နေပါတယ်။
2023-10-25
စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံပျက်စီးသွားမဲ့ အခြေအနေကို ဦးတည်နေတယ်လို့လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
2023-10-25
ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားပါတယ်။
2023-10-25
ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ရွာတွေနဲ့ ရေနံမှော်တွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။
2023-10-25
NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း KIA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကြိုးစားမယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2023-10-25
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပေးဖို့နဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေ အပါအဝင် ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကိုယ်စားပြုမှုမရှိအောင် တားဆီးပိတ်ပင်ပေးဖို့ NUG နဲ့ NUCC က ဥရောပသမဂ္ဂထံ တောင်းဆိုလိုက်ပါတယ်။
2023-10-25
ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှုဟာ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်နေကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
2023-10-25
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်ကြောင်းထိုးနေလို့ ရွာငါးရွာက ဒေသခံနှစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-10-25
မြိတ်-တနင်္သာရီလမ်းဘေးရှိ တုံးဗျောကြီးရွာက အမျိုးသမီးနဲ့ နို့စို့အရွယ် ကလေးငယ်တွေအပါအဝင် ဒေသခံ ငါးဆယ်ခန့်ကို စစ်တပ်က အောက်တိုဘာ ၂၃ ရက်နေ့ကစလို့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြောပါတယ်။
2023-10-25
ကလေးမြို့နယ်တောင်ပိုင်းကရွာတွေဆီ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ဂိတ်တွေမှာပိတ်ပင်ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စားသောက်နေထိုင်ရေး အခက်အခဲတွေ့နေရတာပါ။
2023-10-25
ကောလင်းမြို့နယ် တောင်ကြီးရွာနဲ့ အင်းမရွာမှာ နှစ်ဦးကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့ပါတယ်။
2023-10-25
မြန်မာမြောက်ပိုင်းဒေကနေ အွန်လိုင်းလိမ်လည်မှု ကျူးလွန်းတယ်လို့ သံသယရှိသူ ငါးထောင်နီးပါး လက်ခံရရှိတဲ့အပေါ် ချီးကျူးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ပြောပါတယ်။