KIO နဲ့ လက်တွဲမှု NUG ထုတ်ဖော်ပြောကြား
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူတွေ၊ အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့အတွက် မကြာခင်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကို ရောက်ရှိမှာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) (၆၃) နှစ်ပြည့်မြောက်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ပေးပို့လိုက်တဲ့ သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာလည်း နွေဦးတော်လှန်ရေး အရှိန်ရလာတာနဲ့အမျှ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအကြား စစ်ရေးနဲ့ နိုင်ငံရေးအရ ပိုမိုပေါင်းစည်း နိုင်ရေး အထူးလိုအပ်အကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း (KIA) အပါအဝင် မဟာမိတ်တော်လှန်ရေး အဖွဲ့တွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကြိုးစားမယ်လို့ အောက်တိုဘာ ၂၄ ရက် နေ့က ထုတ်ပြန်ထားပါတယ်။