သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားဒေသတွေကို သွားရောက်နေတဲ့ ဒီရက်ပိုင်း ခရီးစဉ်တချို့ဟာ ကြားဖြတ်ရွေးကောက်ပွဲနီးနေတာကြောင့် မဲဆွယ်တဲ့သဘောဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
2018-10-26
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိသွားမှာဖြစ်သလို ပြည်ထောင်စုဖြစ်တည်မှုကို ထိခိုက်အောင်လုပ်ဆောင်မှာ မဟုတ်တဲ့အတွက် သံသယစိတ်တွေနဲ့ မကြည့်ဖို့ ဒီနေ့ကျင်းပတဲ့ ပါတီရဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ပါတီတာဝန်ရှိသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2018-10-26
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
2018-10-26
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ မီဒီယာတချို့မှာ ဖော်ပြနေတာတွေဟာ တစ်ဖက် သက်ဖြစ်တဲ့အကြောင်း လူမျိးစုတွေရဲ့ ရိုးရာတေးဂီတတွေကို လေ့လာနေတဲ့ အမေရိကန်နိုင်ငံသား Mr. Rick Heizman ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဒီကနေ့ ပြသခဲ့ပါတယ်။
2018-10-26
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ဒီနေ့မနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-10-26
တပ်မတော်ဟာ အရပ်သားအစိုးရ လက်အောက်မှာရှိမယ်ဆိုရင် တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတာကို လက်ခံသွားမှာဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နာယက ဗိုလ်ချုပ် ဆေထင် က ပြောပါတယ်။
2018-10-26
ပြည်ထောင်စုက ဘယ်တော့မှ ခွဲမထွက်ရဆိုတဲ့ အချက်ကို ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထား မရယူနိုင်သေးဘဲ လက်ခံနိုင်မှာမဟုတ်ကြောင်း NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက် ပါတယ်။
2018-10-26
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေ အပေါ် အမြင်စောင်းမှုတွေနဲ့ သံသယစိတ်တွေ ဖြစ်ပေါ်နေတာကို တွေ့မြင်နေရတယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒီနေ့ ကျင်းပတဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2018-10-26
မန္တလေးတိုင်းအတွင်းက လယ်ယာမြေတွေကိုအကွက်ရိုက်ရောင်းချနေတာတွေနဲ့ ပတ်သက်ပြီး တရားစွဲမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက RFA ကို ဒီနေ့ ပြောပါတယ်။
2018-10-26
ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာ ၃ ဦးကို တာမွေမြို့နယ် တရားရုံးက တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2018-10-25
ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid အဗ်ဒူ ဟာမစ်က ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းရေးအတွက် နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးကြဖို့ မနေ့က တိုက်တွန်းလိုက် ပါတယ်။
2018-10-25
အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ခံစားခွင့်ပြုထားတဲ့ GSP ခေါ် အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ်ကို ပြန်လည်ရုပ်သိမ်းဖွယ်ရှိနေတဲ့ အခြေအနေကြောင့်၊ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်မှာမဟုတ်ကြောင်း DICA ခေါ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2018-10-25
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး မြန်မာနိုင်ငံ အခြေအနေတွေ ကို ICC နိုင်ငံတကာခုံရုံးထံ ရောက်ရှိအောင် အမြန်ဆုံးဆောင်ရွက်ဖို့ Progressive Voice၊ ရိုဟင်ဂျာ အမျိုးသမီးများအဖွဲ့နဲ့ ထိုင်းအခြေစိုက် ကချင် အမျိုးသမီးအသင်းတို့က ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့ကြပါတယ်။
2018-10-25
ရခိုင်ပြည်နယ်မှာ တပ်မတော်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က ကြားနာခဲ့ကြပါတယ်။
2018-10-25
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ဒေသက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာပါ။ RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုထက်အာကာ တင်ပြထားပါတယ်။