မြန်မာကို ICC ပို့ဖို့ လူ့အခွင့်ရေးအဖွဲ့တွေ ပြောကြား


2018.10.25
unsc-622 ၂ဝ၁၈ အောက်တိုဘာလ ၁၆ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။
UN Photo/Rick Bajornas

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး မြန်မာနိုင်ငံအခြေအနေတွေကို ICC နိုင်ငံတကာခုံရုံးထံ ရောက်ရှိအောင် အမြန်ဆုံးဆောင်ရွက်ဖို့ Progressive Voice၊ ရိုဟင်ဂျာအမျိုးသမီးများအဖွဲ့နဲ့ ထိုင်းအခြေစိုက် ကချင် အမျိုးသမီးအသင်းတို့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ကြပါတယ်။

အောက်တိုဘာ ၂၄ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဌ မာဇူကီ ဒါရုစ်မန်းရဲ့ ရှင်းလင်းချက်အပြီး ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖေါက်မှုတွေအပေါ် သည်းခံနေရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ကြောင်း Progressive Voice အဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ဒါ့ပြင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတွေကို ပိတ်လိုက်တာ၊ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေရဲ့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားအခြေခံလူ့အခွင့်အရေးတွေ မခံစားရဘဲ မူလနေရာပြန်ပို့မယ် ဆိုတာဟာ ခွဲခြားဆက်ဆံတာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။