ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တစ်ဦးကို ဝေဖန်သူကို ထောင်ဒဏ် ၆ လ အမိန့်ချ
2018.10.26

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
နိုင်ငံသားများရဲ့လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ ရာဇသတ်ကြီး ဥပဒေတို့နဲ့ ထောင်ဒဏ် ၆ လစီ တပေါင်းတည်းကျခံဖို့ အမိန့်ချမှတ်ခံရတာလို့ ဦးအောင်သန်းဝေက ပြောပါတယ်။
ဇန်နဝါရီလက မြောက်ဦးမြို့မှာ ဖြစ်ခဲ့တဲ့ အဓိကရုန်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်တဲ့အတွက် အခုလို တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမင်းသိန်းအောင်က ဆက်ပြီးတင်ပြဖို့ရှိပါတယ်။