သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-26
သေဆုံးသွားတဲ့ အလွတ် သတင်းထောက် ကိုပါကြီး အမှှုကိုစုံစမ်း စစ်ဆေးပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူပေးဖို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-10-26
(၂၅) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ နေပြည်တော်ကို ရှေ့လအတွင်း လာရောက်ကြမှာဖြစ်တဲ့အတွက် နေပြည်တော်မှာ လုံခြုံရေးအပြည့်အဝ စတင်ဆောင်ရွက်ထားပြီလို့ နယ်မြေခံလုံခြုံရေး တာဝန်ကျသူတစ်ဦးက RFA ကို ပြောပါတယ်။
2014-10-26
ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံဖြစ် ဖို့ဆိုရင် ၂ဝဝ၈ ဖဲ့ွစည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖဲ့ွချုပ် SNLD ပါတီက ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2014-10-26
အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့် ပုဒ်မ ၄၃၆ ကို မပြင်လိုဘူးလို့ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တွေက ပြောထားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တဲ့နောက် မြန်မာ့နိုင်ငံရေးလောကမှာ ဂယက်ရိုက်ခတ်လာပုံတွေနဲ့ ပတ်သက်Nပီး၊ ၁၉၉ဝ ရွေးကောက်ပွဲက NLD လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးညွှန့်လှနဲ့ အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့က မြန်မာနိုင်ငံ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအဖွဲ့က ဦးမြတ်စိုးတို့ ပါဝင်ဆွေးနွေးထားပါတယ်။
2014-10-26
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell ဟာ မြစ်ကြီးနားမြို့အခြေ စိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2014-10-25
ရခိုင်ပြည်နယ်မှာ နိုင်ငံသားဟုတ်မဟုတ် စိစစ်ဖို့လိုအပ်သူတွေကို ထပ်မံစိစစ်တော့ မှာ မဟုတ်ဘဲ နိုင်ငံသား မှတ်ပုံတင် စိစစ်ရေး စီမံချက်တွေမှာ တစ်ပါတည်း ထည့်သွင်းဆောင် ရွက်သွားဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
2014-10-25
လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ မှာ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချိုက အနောက်ပိုင်းခရိုင်ကိုယ်စားပြု ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2014-10-25
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့သတ်ဖြတ် အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။
2014-10-25
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်ရဲ့ ဖမ်းဆီးပစ်သတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို ပြန်ရရှိဖို့ ကြိုးပမ်းသွားမယ့်အပြင် တာဝန်ရှိသူတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။
2014-10-25
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးက ကနဦးထွက်ဆိုထားတဲ့ ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ချေ အလားအလာတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-10-25
လူငယ်မျိုးဆက်သစ်တွေ တိုးတက်စေဖို့အတွက် စာပေတွေ ရေး သားဟောပြောပေးခဲ့ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) စတင်ထူထောင်ခဲ့စဉ်မှာ ပါဝင်ခဲ့သူ စာရေးဆရာကြီး ဦးအောင်သင်း ၈၇ နှစ်ဟာ ဒီနေ့ မနက်ပိုင်းက နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2014-10-25
ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံထဲ မှာ ပြန်လည်အခြေချခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ကို နိုင်ငံရေးပါတီအဖြစ် ဒီကနေ့ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
2014-10-25
မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်က သံဃာအပါး ၁၀၀ ခန့် ရန်ကုန်မြို့ ရွှေတိဂုံစေတီ ဘုရားပေါ်မှာ ဒီနေ့ ဆုတောင်းခဲ့ပြီးနောက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ကြေးသွန်းဘုရားရှေ့ မှာ ဟောပြောပွဲကျင်းပခဲ့ပါတယ်။
2014-10-25
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်း (Hospitality and Catering Training Academy - HCTA) ကို ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ ဒီကနေ့ ဖွင့်လှစ် ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အလေးအနက် ထား သင်ကြားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
2014-10-25
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ် ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်ဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။