ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည်


2014.10.25
uwincho-305 လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုပုံ
Photo: Susanna Soe (Facebook)

လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝင် ရွေးကောက်ပွဲ မှာ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချိုက အနောက်ပိုင်း ခရိုင်ကိုယ်စားပြု ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ် ပြိုင်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေထံ ပွင့်လင်းမြင် သာစွာ ချပြနိုင်ဖို့အတွက် အခုလို ပါဝင်ယှဉ်ပြိုင်မှာဖြစ် တယ်လို့ ဦးဝင်းချိုက ပြောပါတယ်။

"လက်ရှိအချိန်မှာလည်း မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင်တွေ တာဝန်ကျေအောင် ထမ်းဆောင်နေသလား၊ မထမ်းဆောင်သလား ဆိုတာကိုလည်း ပြည်သူတွေဘာမှမသိဘူး၊ လုံးဝကို ပွင့်လင်းမြင်သာမှှု မရှိတဲ့ဘဝနဲ့နေ လာခဲ့ရတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ သိသင့်တယ်လို့ ယူဆတဲ့အတွက် သာမန်ပြည်သူတွေ ထဲကနေ ရွေးချယ်ခဲ့ရင် ကျနော်တို့ဟာ ပွင့်လင်းမြင်သာပါမယ်၊ တာဝန်ယူမှှု တာဝန်ခံမှှုရှိစွာနဲ့ အလုပ်လုပ်မယ်ဆိုတာကို ပြချင်လို့ဝင်အရွေးခံပါမယ်"

ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရန်ကုန် မြို့တော်စည်ပင်သာ ယာရေး ကော်မတီက လာမယ့် ၂၉ ရက်နေ့မှာ လူတွေ့စစ်ဆေးမှာဖြစ်ပြီး၊ အဲ့ဒီစစ်ဆေးမှုမှာ ရွေးချယ်ခံရမှသာ စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဝင်းချို ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။